Local News

မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုအနေဖြင့် ငါးမှုန့်တစ်တန်လျှင် (၉၂၀) ဒေါ်လာနှုန်းဖြင့် (၇၀၅) တန်၊ ငါးကြိတ်သား တစ်တန်လျှင် (၁၈၆၁) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် တင်ပို့နိုင်ခဲ့သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီတစ်တန်လျှင် (၉၉၉) ဒေါ်လာနှုန်းဖြင့် (၁၄) တန်၊ တင်သွင်းခဲ့သည်။

မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့် ဒီဇယ် တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ မြိတ်ဒေသ ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၁) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News