Local News

မူဆယ် (၁၅၀) မိုင်ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် ၃-၁၀-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၀.၆၁၉) သန်းနှင့် သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ(၀.၉၃၆) သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏကန်ဒေါ်လာ   (၁.၅၅၅)   သန်း  ဆောင်ရွက်နိုင်ခဲ့ပါသည်။   ၁-၁၀-၂၀၂၃   ရက်နေ့မှ  ၃-၁၀-၂၀၂၃   ရက်နေ့အထိ  ပို့ကုန်တန်ဖိုးကန်ဒေါ်လာ  (၂.၁၈၅)  သန်းနှင့်  သွင်းကုန်တန်ဖိုး  ကန်ဒေါ်လာ (၃.၆၀၆) သန်း၊ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၅.၇၉၁) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် တစ်တန်လျှင် ကန်ဒေါ်လာ (၃၀၀၆.၃၈၃) နှုန်းဖြင့် (၅၁.၆၈၀) တန်၊ ကဏန်းတစ်တန်လျှင် ကန်ဒေါ်လာ(၃၈၀၅.၈၈၅) နှုန်းဖြင့် (၃၄.၉၈၀) တန်၊ ကြက်သွန်နီ တစ်တန်လျှင် ကန်ဒေါ်လာ (၅၈၂.၇၆၈) နှုန်းဖြင့် (၁၇၀.၀၀၀) တန်၊ လျှော်ဖြူ တစ်တန်လျှင် ကန်ဒေါ်လာ (၁၈၇၅.၆၁၀) နှုန်းဖြင့် (၃၄.၄၉၀) တန်၊ ဆန်ကွဲ တစ်တန်လျှင် ကန်ဒေါ်လာ (၄၀၇.၂၆၆) နှုန်းဖြင့် (၉၈.၀၀၀) တန်၊ ဆန် တစ်တန်လျှင် ကန်ဒေါ်လာ (၄၄၉.၀၉၉) နှုန်းဖြင့် (၇၁.၅၀) တန်၊ ဝါဂွမ်း တစ်တန်လျှင် ကန်ဒေါ်လာ (၁၇၂၆.၅၄၁) နှုန်းဖြင့် (၁၆.၀၀၀) တန်၊ ဇီးဆံ တစ်တန်လျှင် ကန်ဒေါ်လာ (၂၄၀၆.၂၃၉) နှုန်းဖြင့် (၉.၀၀၀) တန်၊ မြေပဲ တစ်တန်လျှင် ကန်ဒေါ်လာ (၉၅၀.၀၀၀) နှုန်းဖြင့် (၁၆.၀၀၀) တန်နှင့် မက္ကဒေးမီးယားသီး တစ်တန်လျှင် ကန်ဒေါ်လာ (၃၉၄.၄၅၉) နှုန်းဖြင့် (၃၃.၀၀၀) တန်တို့ဖြစ်သည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊စပျစ်သီး၊ ပန်းသီး၊ သံဘောင်၊ လိမ္မော်သီး၊ အလူမီနီယံချောင်း၊ ဖိနပ်မျိုးစုံ၊ ပန်းသစ်တော်သီးနှင့် ကာဗွန်မှုန့်တို့ဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News