မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများမှ မြင်းခြံဈေးကွက်သို့ ကြက်သွန်နီကုန်ချိန်ဝင်ရောက်မှုအနေဖြင့် စက်တင်ဘာလ (တတိယပတ်) တွင် ပျမ်းမျှပိဿာချိန် (၇၅၀၀၀) ကျော်၊ စက်တင်ဘာလ(နောက်ဆုံးပတ်)တွင် ပျမ်းမျှပိဿာချိန် (၆၀၀၀၀) ကျော် နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ စက်တင်ဘာလ (နောက်ဆုံးပတ်) တွင် မိုးရွာသွန်းမှုများကြောင့် ယခင်တစ်ပတ်ထက် ပိဿာချိန် (၁၅၀၀၀) ကျော် လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။
မြင်းခြံခရိုင်၌ ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ (တတိယ ပတ်)တွင် ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် (၂၆၀၀-၂၈၀၀) ကျပ်၊ (အလတ်စ)တစ်ပိဿာလျှင် (၂၄၀၀-၂၅၀၀) ကျပ်၊(အသေးစ) တစ်ပိဿာလျှင် (၂၁၀၀-၂၂၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလ (နောက်ဆုံးပတ်)တွင် ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် (၂၇၀၀-၂၈၀၀) ကျပ်၊(အလတ်စ)တစ်ပိဿာလျှင် (၂၄၀၀-၂၅၀၀)ကျပ်၊ (အသေးစ) တစ်ပိဿာလျှင် (၂၂၀၀-၂၃၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ကြက်သွန်နီတင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မူဆယ်နှင့်မော်လမြိုင်မြို့တို့သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
Source: https://commerce.gov.mm
 
                         
                     
                     
                         
                        