Local News

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်(ဧပြီလမှစက်တင်ဘာလထိ)ပို့ကုန် ကန်ဒေါ်လာ (၃၁.၁၇၅)သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅၁.၈၇၅) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၈၃.၀၅၀) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ၃-၁၀-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့်  အလူမီနီယမ်ဖြတ်စ(၆) တန်နှင့် ကတ်ထူ စက္ကူဖြတ်စ (၃၆) တန် တင်ပို့နိုင်ခဲ့သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (စက်တင်ဘာလအထိ) တွင် လျာထားချက်အပေါ် (၁၁၀.၃၇ %) ဆောင်ရွက်နိုင်ခဲ့သည်။ ၃-၁၀-၂၀၂၃ ရက်နေ့တွင် သွင်းကုန် (၀.၃၃၄) ဒေါ်လာ သန်း တင်သွင်းနိုင်ခဲ့ပြီး ဘိလပ်မြေ (၄၄၀) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ Brand New Excavator (၃) ခု၊ မီးခံအုတ် (၄၀) တန်၊ စားသောက်ကုန် (Chocolate Flavoured Ice Confection) (၁.၇၁၃) တန် တင်သွင်းခဲ့သည်။

ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်း အနေဖြင့် ၃-၁၀-၂၀၂၃ ရက်နေ့တွင် ကျပ် (၁) သိန်းလျှင် (၁၀၉၅) ဘတ် ဖြစ်ပေါ်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News