Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၃၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ ၃-၁၀-၂၀၂၃ ရက်နေ့အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော (၂၉၂) တန်နှင့် လောင်စာတောင့် (၂၅.၀၀၀) တန်တို့ တင်ပို့နိုင်ခဲ့သည်။

သွင်းကုန်အမယ်များ အနေဖြင့် သံပြားလိပ် (Iron Sheet In Coil) ဈေးနှုန်းတစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၈.၅၀၀) တန်၊ သံမှို(Iron Nail) ဈေးနှုန်း တစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၅၁.၅၀၀) တန်၊ သံပိုက် (Iron Pipe) ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၂၅.၅၀၀) တန်၊ မြက်ခင်းတု (Artificial Grass) ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၁၉.၅၀၀)တန်၊ ပန်းသီးတစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့် တန်ချိန် (၅.၇၂၀)တန်၊ လိမ္မော်သီး တစ်တန်လျှင်(၂၃၀) ဒေါ်လာဖြင့် တန်ချိန်(၁၂.၄၀၀)တန်၊ ကြွေပြား(Ceramic Tile Plain) ဈေးနှုန်း တစ်စတုရန်းမီတာလျှင် (၄.၁) ဒေါ်လာဖြင့် (၁၂၅၆၀) စတုရန်းမီတာနှင့် အခြားရင်းနှီး မြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ) တင်သွင်းလျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News