Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ စက်တင်ဘာလအတွင်း စပါးအမျိုးအစားစုံ တင်းရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ စက်တင်ဘာလအတွင်း စပါးအမျိုးအစားစုံ တင်းရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ပြီးခဲ့သည့်ဩဂုတ်လအတွင်းက စပါးအမျိုးအစားစုံ တင်းရေ ၄၄၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်ထိ စပါးအမျိုးအစားစုံ တင်းရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ ဒေသထွက်စပါးများကို ရန်ကုန်မြို့မှ ဝယ်ယူမှုများနေခြင်းကြောင့် တင်ပို့အားတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မော်လမြိုင်ကျွန်းမြို့နယ်ကနေ စပါးတွေကို ရန်ကုန်မြို့ကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက အရင်လထက် စပါးတင်းရေ ၂၉၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိစပါးဈေးကလဲ နည်းနည်းတက်နေပါတယ်။ ရန်ကုန်ဈေးကွက်က စပါးကို အများအပြားဝယ်ယူအားတက်နေပါတယ်။ ပြည်တွင်း ဈေးကွက်မှာကို စပါးက ဝယ်လိုအားများနေတာ ဖြစ်ပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဆန်နှင့် စပါးများကို ဝယ်ယူပြီး မော်လမြိုင်ကျွန်းမြို့မှတစ်ဆင့် ပြည်တွင်းရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့သို့ ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက တင်ပို့ရောင်းချခဲ့သည့် စပါးအမျိုးအစားများမှာ ပေါ်ဆန်း၊ သီးထပ်ရင်၊ မနောသုခ၊ ဆင်းသုခ၊ ပခမ်း၊ ရွှေသွယ်ရင်၊ ထိုင်းဘေးကျားစသည့်တို့ဖြစ်ကြောင်း၊ အဆိုပါ စပါးအမျိုးအစားများသည် လက်ရှိတွင် တင်း ၁၀၀ လျှင် ငွေကျပ် ၁၈၀၀၀၀၀ မှ ငွေကျပ် ၂၅၅၀၀၀၀ ထိဈေးရှိကြောင်း ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News