International News

ကမ္ဘောဒီးယားဆန် အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် ဆန်တင်ပို့ခဲ့ပါသည်။ ပထမဆုံးအကြိမ်တင်ပို့သည့် ဆန်များ၏ ပထမဆုံးအသုတ်သည် အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ် Semarang မြို့သို့ ဆိုက်ရောက်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြားသည်။

“ဒါဟာ ကျွန်တော်တို့ရဲ့ ဆန်ဈေးကွက်ဖွင့်ဖို့ အင်ဒိုနီးရှားနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှုရဲ့ ရလဒ်ပါပဲ” ဟု ၎င်း၏တရားဝင် Telegram ချန်နယ်တွင် ‌တင်ပြခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တင်ပို့မှုသည် နိုင်ငံတော်၏ ပို့ကုန်ပမာဏကို တိုးမြင့်လာစေမည်ဟု ၎င်းက ဆိုသည်။ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းမှု တိုးတက်စေရန်လည်း အထောက်အကူပြုသည်ဟု ၎င်းက ပြောကြားသည်။

ပထမအသုတ်တွင် ဆန်ဖြူ တန်ချိန် ၃၅၀၀ ခန့်ကို အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် ၁၂၅,၀၀၀ ကို အင်ဒိုနီးရှားမှ ဝယ်ယူရန် ဩဂုတ်လတွင် သဘောတူပြီးနောက် ယခု စတင်တင်ပို့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမ ကိုးလအတွင်း နိုင်ငံနှင့် ဒေသပေါင်း ၅၇ နေရာသို့ စုစုပေါင်း ဆန် ၄၅၆,၅၈၁ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၃၂၇.၄ သန်း ရရှိခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောကြားသည်။

ကမ္ဘောဒီးယားဆန်အတွက် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံတို့သည် အဓိကဈေးကွက်များ ဖြစ်သည်။

Source Bernama

Source: https://www.foodindustrydirectory.com.mm

Category: International News