Local News

မုံရွာမြို့နယ်ရှိ ကွမ်းရွက်ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လျက်ရှိ

Last Updated:

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းရွက်ကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းရွက်ကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။      

          မုံရွာမြို့နယ် ကွမ်းရွက်ဈေးကွက်အနေဖြင့် ယခင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကွမ်းရွက် တစ်ပိဿာလျှင် ကျပ်(၂၅၀၀-၅၀၀၀)ဈေးရရှိပြီး ယခု ၂၀၂၃ ခုနှစ်၊ မတ်လတွင် အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၇၀၀၀)ထိ ရောင်းချရပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကွမ်းရွက်စိုက်တောင်သူများထံမှ သိရသည်။

Source: https://www.commerce.gov.mm

Category: Local News