Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့မှ(၃၀)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၆) ရက်နေ့မှ (၃၀) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၄၆၅) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၂၃၆) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၇၀၁) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။ မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၇၀.၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၅၅)သန်း၊ သဲဂဏန်း (အရှင်) (၀.၂၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ဂဏန်း(အသေ)(၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၄၇)သန်း၊ ဂျင်းခရု(အရှင်)(၁၆.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၂၄၆)သန်း၊ ကျောက်ပုဇွန် (အရှင်)(၁.၀၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၁၂)သန်း၊ ငှက်ပျောသီး (၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၁)သန်း၊ ငရုတ်သီးစိမ်း(၀.၃)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၀၂၄)သန်း၊ ဆီအုန်းအစေ့ (၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၄)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သောကုန်ပစ္စည်းများမှာ သစ်သီး (၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂)သန်း၊ ပုစွန်သားပေါက် (၃.၆၀၆)သန်း (U)၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၁၆)သန်း ဖြစ်သည်။

      မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၀၇၂.၄၄) ဒေါ်လာနှုန်း၊ (၇၀.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၅၅) သန်း၊ သဲဂဏန်း (အရှင်) (၄၈၀၀)ဒေါ်လာနှုန်း၊ (၀.၂၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၁၂)သန်း၊ ဂဏန်း(အသေ) (၁၁၇၅) ဒေါ်လာနှုန်း၊ (၄)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၄၇)သန်း၊ ဂျင်းခရု(အရှင်)(၁၅၀၀) ဒေါ်လာနှုန်း၊ (၁၆.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄၆) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၁.၀၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁၂) သန်း၊ ငှက်ပျောသီး (၃၀၂) ဒေါ်လာနှုန်း၊(၅၀) တန်၊ ကန်ဒေါ်လာ (၀.၀၁၅၁) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၈၀၀) ဒေါ်လာနှုန်း၊(၀.၃) တန်၊ ကန်ဒေါ်လာ (၀.၀၀၀၂၄)ဒေါ်လာသန်း၊ ဆီအုန်းအစေ့(၈၀)ဒေါ်လာနှုန်း၊ (၅၀)တန်၊ ကန်ဒေါ်လာ(၀.၀၀၄) ဒေါ်လာသန်း ဖြစ်သည်။

     မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း မှာ - သစ်သီး (၂၈၅.၇၁၄) ဒေါ်လာနှုန်း၊ (၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂) သန်း၊ ပုစွန်သားပေါက် (၁သန်း U)၏ ဈေးနှုန်းမှာ (၁၁၁၀) ဒေါ်လာနှုန်း၊ (၃.၆၀၃၆သန်း)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄)သန်း ဖြစ်သည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

      မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၉-၇-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁)သိန်းလျှင် ဘတ် (၁၀၂၀)၊ (၁)ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၀၄)ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News