Local News

ပခုက္ကူခရိုင်အတွင်း အောက်တိုဘာလ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်နေသော မြေပဲဆံဈေးနှုန်းဈေးကွက်နှင့် မြေပဲဆုံဆီဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးကြပါသည်။ ယခုအခါတွင် သုံးလမြေပဲများဖြိုင်ဖြိုင်ပေါ်နေပြီး မြေပဲဆံဈေးမှာလည်း အနည်းငယ်ကျဆင်းကြောင်းသိရှိရပါသည်။ ပခုက္ကူခရိုင်အတွင်းသို့ မြိုင်မြို့နယ်ရှိကျေးရွာများ၊ ရေတောင်ဘက်ရှိကျေးရွာများ၊ ပခုက္ကူမြို့အနောက်ဘက်ရှိကျေးရွာများမှ သုံးလမြေပဲများမှာ အရောင်းအဝယ်ဖြစ်နေပါသည်။  ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် သုံးလမြေပဲ၏  အခွံပါ အတောင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၂၆၀၀-၃၁၀၀-၃၂၀၀)၊ မြေပဲအဆံလက်ကားဈေးမှာ မြေပဲဆံ(ပဲလေး)အလုံးအသေး/အကြီးပေါ်မှုတည်၍  တစ်ပိဿာလျှင်  ကျပ် (၅၇၀၀-၅၈၀၀ )မှစ၍  ကျပ်(၆၀၀၀ -၆၁၀၀)၊ မြေပဲဆံ(ပဲကြီး)တစ်ပိဿာလျှင် ကျပ် (၅၉၀၀-၆၀၀-၆၁၀၀)၊ မြေပဲဆံပြန့်ရှယ် တစ်ပိဿာလျှင် ကျပ်(၅၇၀၀-၅၈၀၀-၆၀၀၀) ၊ မြေပဲဆံရွေးကျ(ခွဲခြမ်း)တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၃၈၀၀)ဖြင့်  အရောင်းအဝယ်ဖြစ်နေပါသည်။

မြေပဲဆံ(၃)လပဲများဖြိုင်ဖြိုင်ပေါ်သည့်အလျောက် မြေပဲဆုံဆီလုပ်ငန်များလည်း တွင်ကျယ်စွာလည်ပတ်လျက်ရှိပါသည်။ ပခုက္ကူမြိုနယ်တွင် ဆုံဆီလုပ်ငန်းများကို ယခင်ထက် တွင်ကျယ်စွာလုပ်ကိုင်လာကြပါသည်။ မြေပဲဆုံဆီကြိတ်ရာတွင် မြေပဲဆံများကို ပြာတီးသန့်စင်ကြောင်း၊ မြေပဲအပုပ်စေ့များကိုရွေးထုတ်ပြီးမှာသာ မြေပဲဆံကြိတ်ရကြောင်း၊ မြေပဲဆံပဲလေးတစ်ပိဿာကြိတ်လျှင်  ဆီ(၄၀-၄၂)ကျပ်သားထွက်ရှိကြောင်း၊  မြေပဲတစ်စုံကြိတ်လျှင်(၅)ပိဿာကြိတ်ရပြီး ဆီထွက်ရှိမှုမှာ (၂) ပိဿာ (၁၀)ကျပ်သားထွက်ရှိကြောင်း၊ မြေပဲဆုံကြိတ်ခမှာ တစ်စုံလျှင် ကျပ်(၇၀၀)ဖြစ်ပြီး မြေပဲစုံ (၇)စုံရှိကြောင်း မြေပဲစုံကြိတ်သူထံမှသိရှိရပါသည်။ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)မှ ကျပ် (၁၃၅၀၀)အထိ၊ စက်ပဲဆီသန့်တစ်ပိဿာလျှင် ကျပ် (၁၁၀၀၀-၁၂၀၀၀)ဖြစ်ပြီး ဆုံပဲခွေဖတ်တစ်ပိဿာလျှင် ကျပ်(၂၃၀၀)ဖြင့်ရောင်းချနေကြောင်းနှင့် ဈေးကွက်အနေဖြင့်  ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့တင်ပို့နေကြောင်း  ပခုက္ကူမြို့နယ်ဆုံဆီလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News