Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်) ၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၀.၀၀၀) သန်းဖြစ်ပြီး (၁-၇-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ (၁.၄၀၄) သန်း ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက်အပေါ် (၇.၀၂%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၂၃၇.၂၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၁၈၁)သန်းနှင့် သွင်းကုန် (၆၂၉.၆၀၆)တန်၊ (၅၀၄၄၀)U၊ (၃၉၄.၈၃၉) M2၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၈၇)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၆၆၈)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ရေထွက်ကုန် ပစ္စည်းအုပ်စုတွင် (၁၉၆.၅၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၁၉၅)သန်း၊ လယ်ယာထွက်ပစ္စည်းအုပ်စုတွင် (၄၀၃၅.၄၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၉၇၉)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၅.၂၀၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၇)သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၁.၁၈၁)သန်း တင်ပို့နိုင်ခဲ့ ပါသည်။ ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quota ကာလအနေဖြင့် နှစ်စဉ်ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက် ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှ တစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက် ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၅၉၅၈၆.၆၃၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃.၆၇၂)သန်းအား တင်ပို့နိုင်ခဲ့ပါသည်။ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်      အမည် အရေအတွက်  ဈေးနှုန်း

          (၁)     ပလာလန်း     ၁ ကီလိုဂရမ်   ၁.၁၀၀ ဒေါ်လာ

          (၂)      ငါးပုလွေ(200-300 gm)        ၁ ကီလိုဂရမ်   ၁.၁၀၀ ဒေါ်လာ

          (၃)     တူးခက်         ၁ ကီလိုဂရမ်   ၀.၈၉၀ ဒေါ်လာ

          (၄)     ကင်းမွန်(8 cm down)          ၁ ကီလိုဂရမ်   ၁.၇၉၀ ဒေါ်လာ

          (၅)     ဘီးဇင်း          ၁ ကီလိုဂရမ်   ၃.၅၂၀ ဒေါ်လာ

          (၆)     ဘောင်းကြေး  ၁ ကီလိုဂရမ်   ၀.၀၉၀ ဒေါ်လာ

          (၇)     ဘီးညို(400 gm down)        ၁ ကီလိုဂရမ်   ၁.၂၅၀ ဒေါ်လာ

          (၈)     သဲတိုး(100 – 300 gm)         ၁ ကီလိုဂရမ်   ၁.၀၉၀ ဒေါ်လာ

          (၉)     ဇလုံး(300-500 gm)   ၁ ကီလိုဂရမ်            ၁.၀၀၀ ဒေါ်လာ

          (၁၀) ကုလားငူ(200-400 gm)          ၁ ကီလိုဂရမ်   ၁.၀၀၀ ဒေါ်လာ

သွင်းကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိရင်းနှီးမြှုပ်နှံမှု ပစ္စည်း အုပ်စုတွင် (၁၉.၀၀၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၁၂) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၅၉၉) တန်၊ (၃၉၄.၈၃၉) M2၊ (၁၂၀၀)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၄၆၁)သန်းနှင့် လူသုံးကုန်ပစ္စည်း အုပ်စုတွင် (၁၁.၆၀၆)တန်၊ (၄၉၂၄၀)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၀၁၄)သန်း တင်သွင်းခဲ့ပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့်ဆောင်ရွက်လျက်ရှိသည်။ (၁-၇-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၈၁၃) ဘတ်၊(၁)ဘတ်လျှင် မြန်မာငွေ (၁၂၃)ကျပ်ခန့် (၃၁-၆-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၄၈၅၀) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၅၃၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News