Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇွန် (၃၀)ရက်နေ့မှ ဇူလိုင် (၁)ရက်နေ့အတွင်း ပို့ကုန် ငါးမှုန့်(၁)တန်လျှင် (၈၉၈)ဒေါ်လာနှုန်းဖြင့် (၈၉၀)တန်၊ တန်ဖိုး(၀.၇၉၉)ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၃၀)ရက်နေ့မှ ဇူလိုင်(၁)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းနိုင်ခြင်းမရှိပါ။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၂၂.၇) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိ ရပါသည်။

Source: https://commerce.gov.mm

Category: Local News