မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းရာသီ၌ ပဲပုပ်သီးနှံကိုလည်း အားထားစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စတင်ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ပဲပုပ် (ဆောင်း) စိုက်ပျိုးထားရှိမှု (၃၁၉၁) ဧကစိုက်ပျိုးထားကြောင်း၊ စီးမံကိန်းလျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ယခင်နှစ် ၂၀၂၄-၂၀၂၅ ခုနှစ်၌ ကာလတူစိုက်ပျိုးထားရှိမှုမှာ (၃၀၄၅) ဧက စိုက်ပျိုးထားရှိကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက် (၄၆) ဧက ပိုမိုစိုက်ပျိုးထားကြောင်း၊ ယခင်နှစ်အထွက်နှုန်းမှာ တစ်ဧကလျှင် (၁၂) တင်းခန့် ထွက်ရှိကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပဲပုပ် (ဆောင်း) စိုက်ပျိုးထားရှိမှုအခြေအနေ
Category:
Local News