International News

သွင်းကုန်ဖြတ်တောက်ရန် ရည်ရွယ်ထားသော အိန္ဒိယနိုင်ငံသည် ပြည်တွင်းမှ ပဲမျိုးစုံဝယ်ယူရန် E-PORTAL ကို လွှင့်တင်ခဲ့ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး Amit Shah က ပဲစင်းငုံနှင့် ပဲမျိုးစုံကို စျေးကွက်ပေါက် ဈေးထက်ပို၍ ဝယ်ယူနိုင်ရန် e-portal ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်ခဲ့ပါသည်။ လယ်သမားများအနေဖြင့်ရောင်းချရန် ရည်ရွယ်ထားသော လက်ကျန်ကုန်များကို အဆိုပါ e-portal မှ တဆင့် မှတ်ပုံတင်ပြုလုပ် စာရင်းရေးသွင်းရမည်ဖြစ်ပါသည်။

ယခုစီမံကိန်းသည် လယ်သမားဗဟိုပြုပြီး ပဲစင်းငုံနှင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သူများအား ပိုမိုကောင်းမွန်သော စျေးနှုန်းများရရှိစေရန်၊ လွယ်ကူချောမွေ့သော လုပ်ငန်းစဉ်များနှင့် တိုက်ရိုက်ဘဏ်ငွေလွှဲမှု များမှတစ်ဆင့် ပြည်တွင်းပဲမျိုးစုံထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် သွင်းကုန်မှီခိုနေရမှုကို လျှော့ချရန်ရည်ရွယ်ထားကြောင်း အစိုးရက ပြောကြားခဲ့သည်။

ပဲမျိုးစုံကို အိန္ဒိယနိုင်ငံ၏ အမျိုးသားလယ်ယာဈေးကွက်ရှာဖွေရေးအသင်း (National Agricultural Coo perative Marketing Federation of India-NAFED) နှင့် အမျိုးသားစားသုံးသူအသင်း (National Cooperative Consumers' Federation of India-NCCF) ကဲ့သို့သော အစိုးရကျောထောက်နောက်ခံရှိသော သမဝါယမများက ၀ယ်ယူသွားမည်ဖြစ်သည်။ အနိမ့်ဆုံးထောက်ပံ့ကြေး (Minimum Support Price-MSP) သို့မဟုတ် စျေးကွက်ပေါက်စျေး ၂ မျိုးအနက် ပိုမြင့်သောဈေးကို တောင်သူများအားပေးရမည်ဖြစ်သည်။

ပေါ်တယ်မှတဆင့် မှတ်ပုံတင်ခြင်း၊ ဝယ်ယူခြင်းနှင့် ငွေပေးချေခြင်းလုပ်ငန်းစဉ်ကို ကြားခံတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်ပြီး မှတ်ပုံတင်ခြင်းကို တိုက်ရိုက် သို့မဟုတ် အခြေခံစိုက်ပျိုးရေးချေးငွေအသင်းများ (Primary Agricultural Credit Societies-PACS) နှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများအသင်း (Farmer Producer Organizations – FPO) တို့မှတဆင့် လုပ်ဆောင်နိုင်ပါသည်။ တောင်သူများအား ငွေပေးချေမှုကို အမျိုးသားလယ်ယာဈေးကွက်ရှာဖွေရေးအသင်း NAFED မှ လမ်းကြောင်းချိတ်ဆက် ထားသော လယ်သမား၏ ဘဏ်အကောင့် (mapped account) ထဲသို့ တိုက်ရိုက်ပေးချေမည်ဖြစ်ပြီး ကြားတွင်မည်သည့်အေဂျင်စီမှ ပါဝင်မည်မဟုတ်ပါ။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် လယ်သမားများထံမှ အရန်အဖြစ် သိမ်းထားသော ပဲမျိုးစုံ ၈၀% ကို တိုက်ရိုက်ဝယ်ယူနိုင်ပြီး လယ်သမားများအတွက်လည်း လုံလောက်သောငွေကြေးရရှိကာ အစိုးရအနေဖြင့် သွင်းကုန်အပေါ် မှီခိုအားထားမှုကိုလျှော့ချရန် ရည်ရွယ်ပါသည်။ အစိုးရ၏ ခန့်မှန်းချက်အရ အိန္ဒိယသည် လက်ရှိဘဏ္ဍာနှစ်တွင် ပဲတန်ချိန် ၁၂ သိန်း တင်သွင်းထားပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် ၃၅ % ပိုမိုတင်သွင်းခဲ့ပါသည်။

Source: CNBC

Source: https://commerce.gov.mm

Category: International News