International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် ဖွံ့ဖြိုးမှုအနည်းဆုံးအဆင့်မှ တိုးမြှင့်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

Last Updated:

     ၂၀၂၃ခုနှစ်၊ မေလ ၃ ရက်နေ့ထုတ် Tribune Desk သတင်းတွင် ဘင်္ဂလားဒေ့်ရှ်နိုင်ငံအစိုးရသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ တိုးမြှင့်နိုင်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် အခြားနိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ရေးသားဖော်ပြထားသည်။

     ၎င်းတို့အနေဖြင့် LDC graduation ရပြီးနောက် ကုန်သွယ်ရေးဆိုင်ရာစိန်ခေါ်မှုများကိုအောင်မြင်စွာရင်ဆိုင်နိုင်လာမည်ဖြစ်ပြီးနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးစွမ်းရည် ကိုလည်း အားကောင်းစေလာမည်ဟု တာဝန်ရှိသူများကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

     ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုညှိနှိုင်းရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကျွမ်းကျင်သူပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့်အတူဆောင်ရွက်သွားမည်ဖြစ်ကြောင်းရေးသားဖော်ပြထားသည်။

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင် Foreign Trade Agreement (FTA) ချုပ်ဆိုနိုင်ရေးလည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းရေးသားဖော်ပြထားသည်။

     ဘင်္ဂလားဒေ့်ရှ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်သည်နှင့်တပြိုင်နက်နိုင်ငံသည် အခွန်ကင်းလွတ်ခွင့်နှင့် quota-free ဖြင့် စျေးကွက် ဝင်ရောက်ခွင့်တို့ကိုဆုံးရှုံးရမည့်အပြင် အခြားသောကုန်သွယ်ရေးဆိုင်ရာဦးစားပေးမှုများကိုလည်းရရှိတော့မည် မဟုတ်တော့သည့်အတွက် ကုန်သွယ်မှုဆိုင်ရာစိန်ခေါ်မှုများစွာကို ဖြတ်သန်းရ မည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

     ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သည် LDC graduation ရရှိပြီးပါက ကုန်သွဘ်မှုလွယ်ကူချောမွေ့စေရေးအတွက် ကမ္ဘာ့ဈေးကွက်နှင့် ဒေသတွင်းစျေးကွက်များသို့ ဝင်ရောက်နိုင်ရန် မိမိကိုယ်ကိုပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းတို့ကပြောကြားခဲ့ကြသည်။

     ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ စင်ကာပူ၊ သီရိလင်္ကာစသည့် နိုင်ငံများ၏ နှစ်နိုင်ငံနှင့်နိုင်ငံစုံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုညှိနှိုင်းစေ့စပ်ညှိနှိုင်းဆောင်ရွက်မှုများနှင့် ဖွဲ့စည်းပုံများကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လေ့လာထားရှိကြောင်းသိရသည်။

Source: https://commerce.gov.mm
 

Category: International News