International News

ဘင်္ဂလားဒေ့ရှ်၏ ကြက်သွန်နီတင်သွင်းခွင့်နှင့် ကျဆင်းသွားသော ကြက်သွန်နီဈေး

Last Updated:

    ဘင်္ဂလားဒေ့ရှ် အစိုးရက ကြက်သွန်နီ တန်ချိန် ၂၈၀,၈၀၀ တင်သွင်းရန် ခွင့်ပြုထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းခဲ့ပါသည်။ ပုံမှန်မဟုတ်သော ကြက်သွန်နီ ဈေးနှုန်း မြင့်တက်မှုကြောင့် ဈေးကွက်အတွင်း ထိခိုက်မှုများမရှိစေရန် ယင်းကဲ့သို့ တင်သွင်းရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

    အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်နီ တင်သွင်းရန်ခွင့်ပြုကြောင်း ကြေငြာအပြီးတွင် ကြက်သွန်နီဈေးနှုန်းသည် တစ်ကီလို လျှင် ၇၅ တာကာသို့ ကျဆင်းခဲ့ပါသည်။ ၉၀ မှ ၉၅ တာကာအတွင်း ရောင်းချသော ကြက်သွန်နီများကို လက်ကားဈေးများတွင် တစ်ကီလိုလျှင် ၇၅ တာကာဖြင့် ရောင်းချလျက်ရှိသော်လည်း ဝယ်လိုအား ကျဆင်းလျက်ရှိပါသည်။

    ကြက်သွန်နီကို လက်လီကုန်သည်များက အဓိကဝယ်ယူကြခြင်းဖြစ်သော်လည်း ဈေးနှုန်းကျဆင်းမည်ကို စိုးရိမ်သောကြောင့် ဝယ်ယူမှုနည်းပါးလျက်ရှိပြီး လက်ကားဈေးကွက်များတွင်လည်း ဝယ်ယူသူမရှိသည့် အခြေအနေဖြစ်ပါသည်။

Category: International News