International News

ဈေးကွက်ဝယ်လိုအားမြင့်တက်မှုကြောင့် ကြက်သွန်နီဈေးမြင့်တက်

Last Updated:

    ယခင်နှစ်ကထက် ကြက်သွန်နီစိုက်ပျိုးမှုဧရိယာ နည်းပါးလာသကဲ့သို့ ထုတ်လုပ်မှုမှာလည်း ကျဆင်းခဲ့ပါသည်။ ကြက်သွန် ဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက်လျက်ရှိပါသည်။

    ဈေးနှုန်းမြင့်တက်မှုကြောင့် အဝါရောင်ကြက်သွန်နီ စိုက်ပျိုးမှုဧရိယာ သိသိသာသာ တိုးလာပြီး စုစုပေါင်းအထွက်နှုန်းမှာလည်း တိုးတက်လာခဲ့ပါသည်။ ထုတ်လုပ်မှုပိုလျှံသောကြောင့် ဈေးနှုန်းအနည်းငယ်သာ ရရှိပါသည်။

    ကြက်သွန်နီသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်ဖြစ်ပြီး မျိုးကွဲများစွာရှိပြီး နေရာတော်တော် များများတွင်  စိုက်ပျိုးနိုင်ပါ သည်။  အကောင်းဆုံး အဝါရောင်ကြက်သွန်နီသည် Gansu ပြည်နယ်မှဖြစ်ပြီး  သြဂုတ်လတွင်  ရိတ်သိမ်းနိုင်ပါသည်။ အကောင်း ဆုံးအနီရောင် ကြက်သွန်နီသည် Erhong ပြည်နယ်မှဖြစ်ပြီး အဝါရောင်ကြက်သွန်နီရိတ်သိမ်းပြီး မကြာခင် ရက်မခြားပဲ ရိတ်သိမ်း နိုင်ပါသည်။  ကြက်သွန်နီ၊ မကြာမီအချိန်အတွင်း ရိတ်သိမ်းတော့မည်ဖြစ်သည်။ လက်ရှိအချိန်တွင် တရုတ်ကြက်သွန်နီ အဝါရောင် သည် ကမ္ဘာပေါ်တွင် ဈေးအနိမ့်ဆုံးဖြစ်ပါသည်။ သို့သော်လည်း အရွယ်အစားအနေဖြင့် ကြီးလွန်းလှပါသည်။ အရှေ့တောင် အာရှနှင့် ဥရောပဈေးကွက်တို့တွင် ၅ စင်တီမီတာ - ၇ စင်တီမီတာ နှင့် ၆ စင်တီမီတာ - ၈ စင်တီမီတာ အရွယ်အစားရှိကြက်သွန်နီ များကို ရွေးချယ်ဝယ်ယူလေ့ရှိကြပြီး၊ ၉ စင်တီမီတာနှင့်အထက် ကြက်သွန်နီများကို ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချ နိုင်ပါသည်။

    နိုင်ငံတကာ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် နေရာတွေကနေကြည့်ရင် အဝါရောင်ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုသည် ကျဆင်း ခဲ့ပြီး ဈေးကွက်ဝယ်လိုအား မြင့်တက်လျက်ရှိပါသည်။ အိန္ဒိယကြက်သွန်နီနှင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံအနေဖြင့် အမြတ်စွန်း များစွာမရရှိသည်ကို တွေ့ရှိရပါသည်။ အိန္ဒိယရှိ အနီရောင်ကြက်သွန်နီဈေးသည် တရုတ်ထက် များစွာနည်းပါးသော်လည်း အိန္ဒိယ တွင် အနီရောင်ကြက်သွန်နီ အလုံးကြီးများမရှိသည့်အတွက် တရုတ်ကြက်သွန်နီကြီးများမှာ ဈေးကွက်ဝယ်လိုအား မြင့်တက်ဆဲ ဖြစ်ပါသည်။

    Shandong နှင့် Hebei တို့တွင် စိုက်ဧရိယာများပြားစွာ စိုက်ပျိုးသော ကြက်သွန်နီများ၏ ဈေးသည် မကြာသေးမီက သိသိ သာသာကျဆင်းသွားခဲ့ပြီး တချိန်တည်းမှာပင် ကြက်သွန်ဖြူ ဈေးလည်းမြင့်တက်လာခဲ့ပါသည်။ ကြက်သွန်နီဈေးကွက်အတွင်းသို့ ကြက်သွန်ဖြူ သိုလှောင်သောကုမ္ပဏီအချို့ ဝင်ရောက်လာခဲ့ပြီး ကြက်သွန်နီဈေးမြင့်တက်စေသည့် တွန်းအားတစ်ရပ် ဖြစ်လာပါ သည်။ Qingdao ဆိပ်ကမ်းမှ FOB ဖြင့် သယ်ဆောင်လာသော အဝါရောင်ကြက်သွန်နီဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၁၀ ဝန်းကျင်ဖြစ်ပါသည်။ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့အပြင် အရှေ့အလယ်ပိုင်းဈေးကွက်တို့တွင် အနီရောင် တရုတ်ကြက်သွန်နီများ စတင် ဝယ်ယူလာသည်ကို တွေ့ရှိရပါသည်။ တောင်အမေရိကဈေးကွက်အချို့တွင်လည်း ဝယ်လိုအား များရှိနေပြီး နီကာရာဂွာနှင့် ကိုလံဘီယာတို့တွင်လည်း စတင်ရောင်းချနေပြီဖြစ်ပါသည်။

Category: International News