Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၄ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၆၁၆၁၂၅.၅၈၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၁၁၃၀၈၉၈.၄၈၀ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ ရာဘာနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရှိရ ပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၂၇၅၆၀၄.၂၅၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၃၃၆၆၀၉.၄၇၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  မီးဖိုချောင်သုံးပစ္စည်းများ၊ ချည်ထည်များ၊ ဓါတ်မြေသြဇာများ၊ စက်နှင့်စက် ပစ္စည်းများ၊ ဆေးဝါပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဘတ္တရီခြောက်များ၊ ပလပ်စတစ်ပိုက်၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်း ကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၄၂၅၇၃၈.၃၈၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၇၀၅၁၆၀.၁၀၀ တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၂ ယွမ် ဖြစ်ပြီး၊ ၁ ယွမ် လျှင် မြန်မာကျပ်ငွေ ၂၉၂.၃၉  ကျပ် ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News