Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ( ၂ ) ရက်နေ့မှ( ၃ )ရက်နေ့အထိ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၇၉၃) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၃၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၈၃) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှအောက်တိုဘာလ( ၂ ) ရက်နေ့မှ ( ၃ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၉၉.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၀၂)သန်း၊ ရွှံ့ဂဏန်း(အရှင်)(၀.၆၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၅)သန်း၊ ဂျင်းခရု (အရှင်) (၃.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၅၄)သန်း၊ ဂဏန်း(အသေ)(၁၂.၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၄)သန်း၊ ရေခူ ဆားနယ်  (၃၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၆၉)သန်း၊ ကျောက်ပုဇွန်(အရှင်) (၀.၄၄)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၀၈၈)သန်း၊ ငှက်ပျောသီး(၄၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၉)သန်း၊ ငရုတ်သီးစိမ်း(၃.၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၇)သန်း၊ ကြက်သွန်နီ(၈၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၆၅)သန်းတင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာသစ်သီး (၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ အိမ်သာဘိုထိုင် (၀.၁)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၅)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၂၀၄.၄၁) ဒေါ်လာနှုန်း၊ (၉၉.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၀၂)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၄၆.၁၅) ဒေါ်လာနှုန်း၊ (၀.၆၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၅) သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၀) ဒေါ်လာနှုန်း၊ (၃.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၄) သန်း၊ ဂဏန်း (အသေ) (၁၁၈၀.၃၃) ဒေါ်လာနှုန်း၊(၁၂.၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၄) သန်း၊ ရေခူဆားနယ် (၁၇၂၄.၂၄) ဒေါ်လာနှုန်း၊ (၃၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၆၉) သန်း၊ ကျောက်ပုစွန်(အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၄၄) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၈၈)သန်း၊ ငှက်ပျောသီး (၂၉၇.၅) ဒေါ်လာနှုန်း၊ (၄၀) တန်၊ ကန်ဒေါ်လာ (၀.၀၁၁၉)သန်း၊ ငရုတ်သီးစိမ်း (၇၇၁.၄၃) ဒေါ်လာနှုန်း၊ (၃.၅) တန်၊ ကန်ဒေါ်လာ(၀.၀၀၂၇)သန်း၊ ကြက်သွန်နီ (၆၆၄.၇၁) ဒေါ်လာနှုန်း၊(၈၅) တန်၊ ကန်ဒေါ်လာ (၀.၀၅၆၅)သန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၃၀၀) ဒေါ်လာနှုန်း၊ (၄) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ အိမ်သာ ဘိုထိုင် (၂၅၀၀၀) ဒေါ်လာနှုန်း၊ (၀.၁) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၅) သန်းဖြစ်ပါသည်။

မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀)ကျပ်နှင့် ကုန်ပွ(၇၀၀,၀၀၀)ကျပ်ဝန်းကျင်ရှိကြောင်းသိရှိရသည်။ လက်ရှိတွင်မြိတ်-တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အ သုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၃-၁၀-၂၀၂၃)ရက်နေ့ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် ဘတ်(၁၀၈၀)၊ (၁)ဘတ်လျှင်မြန်မာငွေကျပ်(၉၂.၆၀) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ် နှင့် နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News