မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များတွင် မြေပဲဆံများစျေးကွက်ထဲသို့ ဝင်ရောက်၍ နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ မြေပဲဆံများ ဝယ်လိုအားနည်းခြင်းကြောင့် စျေးနှုန်း တစ်ဖြည်းဖြည်း ကျဆင်းလာပါသည်။ မြေပဲဆံအနီစျေးမှာ မြေပဲဆံအဖြူစျေးထက် စျေးပိုမိုရရှိကာ တရုတ်ဝယ်လက်မှလည်း မြေပဲဆံအနီကိုသာဝယ်ယူသောကြောင့် စျေးပိုရခြင်းဖြစ်ပါသည်။ မြေပဲဆံ အဖြူကို မြေပဲယိုလုပ်ငန်းရှင်များနှင့် ဆားလှော်လုပ်ငန်းရှင်များမှသာ အဝယ်များပါသည်။
မြေပဲဆံနီသည် တရုတ်မုန့်စားပွဲတော်ကာလဖြစ်၍ ပြည်ပဝယ်လက်နည်းသော်လည်း ပြည်တွင်းစားသုံးမှုများသည့်အတွက် ပြည်တွင်းဝယ်လိုအားသည် ပုံမှန်ပင်ဖြစ်ပါသည်။ မြေပဲဆံစျေးမှာ သြဂုတ်လတွင် တစ်ပိသာလျှင် (၁၀၀၀၀) ကျော် ရရှိနေရာမှ စက်တင်ဘာလတွင် (၉၀၀၀) ကျော်နှင့် ယခု အောက်တိုဘာလတွင် (၇၀၀၀/၆၀၀၀)ကျော်အထိ စျေးနှုန်းကျဆင်း လာကြောင်းသိရှိရပြီး မြေပဲဆံ အနီမှာ စျေးကွက်ထဲတွင် အရောင်းအဝယ်မရှိသလောက်ဖြစ်ပြီး မြေပဲဆံအဖြူသာ အရောင်းအဝယ်ဖြစ်နေပါသည်။
မြေပဲဆံစျေးများမှာ သြဂုတ်လတွင် မြေပဲဆံအနီ တစ်ပိသာလျှင် ကျပ် (၁၀၀၀၀/ ၁၀၅၀၀) စျေး၊ မြေပဲဆံအဖြူ တစ်ပိသာလျှင် ကျပ်(၇၉၀၀)စျေး၊ စက်တင်ဘာလတွင် မြေပဲဆံအနီ တစ်ပိသာလျှင် ကျပ်(၉၅၀၀)စျေး၊ မြေပဲဆံအဖြူ တစ်ပိသာလျှင် ကျပ်(၇၃၀၀)စျေး၊ အောက်တိုဘာလတွင် မြေပဲဆံအဖြူ တစ်ပိသာလျှင် ကျပ်(၆၆၀၀)စျေးအထိ တစ်ဖြေးဖြေး စျေးကျဆင်းလာကြောင်း ကုန်စည်ဒိုင် သတင်းများအရ သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး