Local News

မန္တလေးကုန်စည်ဒိုင်၏ မြေပဲဆံဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ မန္တလေးအနီးတစ်ဝိုက်မှ မြေပဲဆံအသစ်များ လှိုင်လှိုင်ဝင်ရောက် နေကြောင်းသိရသည်။ မြေပဲလုံးဆံများကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုနည်းခြင်း၊ ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူမှုအေးခြင်း ၊ နိုင်ငံတော်မှသက်သာသော ဈေးနှုန်းများဖြင့် စားအုန်းဆီ များရောင်းချပေးခြင်း၊ မြေပဲဆံအသစ်များ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်နေခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းလာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

မြေပဲလုံးဆံ (နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၈၀၀ မှ ၇၅၀၀၊ ယခင်တစ်ပတ်ကျပ် ၇၅၀၀ မှ ၇၈၀၀၊ ယခင်လကျပ် ၈၅၀၀ မှ ၈၈၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀ မှ၇၀၀၊ ယခင်လထက်ကျပ် ၁၃၀၀ မှ ၁၇၀၀ နိမ့်ကျလာသည်။

မြေပဲလုံးဆံ (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခု တစ်ပတ် ကျပ် ၆၅၀၀ မှ ၆၇၀၀၊ ယခင်တစ်ပတ် ကျပ် ၆၇၀၀ မှ ၆၉၅၀၊ ယခင်လ ကျပ် ၇၅၀၀ မှ ၇၆၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၂၅၀  ၊ ယခင်လထက် ကျပ် ၉၀၀ မှ ၁၀၀၀ နိမ့်ကျလာသည်။

S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၀၀၀ မှ ၆၁၀၀၊ ယခင်တစ်ပတ်ကျပ် ၆၃၀၀ မှ ၆၆၀၀၊ ယခင်လကျပ် ၆၀၀၀ မှ ၆၂၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀ မှ ၅၀၀ ယခင်လထက်ကျပ် ၁၀၀ နိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး                  

Category: Local News