Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

        ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ် ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ နှမ်းနက်၊ ဖရဲသီး၊ ဆန်ကွဲနှင့် ရွှေဖရုံသီးများ တင်ပို့ခဲ့ပြီး ပို့ကုန်၏ငွေပမာဏမှာ ၃၁၇၃၂၇၉.၇၁ ကန်ဒေါ်လာတင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ခုနှစ်၊ ဧပြီလ ၂၂ ရက်မှ ၂၈ရက်နေ့ထိ တင်ပို့ကုန်၏ငွေပမာဏ ၆၇၀၅၇၁၂.၈၅ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၅၃၂၄၃၃.၁၄ ကန်ဒေါ်လာ တန်ဖိုးလျော့နည်း၍ တင်ပို့မှု ရှိခဲ့သည်ကို တွေ့ရပါသည်။
    သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်နေ့အတွင်း ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ချည်ထည်များ၊ ဓါတုဗေဒချည်ခင်များ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ထွန်စက်များ၊ စက်နှင့်စက်ပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ သံပိုက်၊ မြက်ခင်းတုနှင့် Empty Cargo Container 45’ Feet များတင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၉၄၂၇၇၃ ကန်ဒေါ်လာတင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏ ၁၀၉၈၃၅၄.၈၀ ကန်ဒေါ်လာနှင့် ကာလတူတင် သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၅၅၅၈၁.၈၀ ကန်ဒေါ်လာ တန်ဖိုးလျော့နည်း၍ တင်သွင်းခဲ့ သည်ကို တွေ့ရပါသည်။
    တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၂၂၃၀၅၀၆.၇၁ ကန်ဒေါ်လာပိုမိုပြီး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၉ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၃.၉၅ ကျပ်ရှိကြောင်း သိရှိရပါသည်။

  

                                                                                                                                                                                                                                မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News