Local News

အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာ ပဲတင်ပို့ခွင့်ရထားသည့်အပြင် G to G အရလည်း နှစ်စဉ် ပဲတင်ပို့ခွင့်ရရှိထား

Last Updated:

      အိန္ဒိယနိုင်ငံ၏ မူဝါဒအရ မြန်မာနိုင်ငံက မတ်ပဲနှင့် ပဲစင်းငုံများကို ၂၀၂၄ ခုနှစ်၊ မတ်လအထိ လွတ်လပ်စွာတင်သွင်းခွင့်ရရှိထားပြီး (G to G) အရလည်း နှစ်စဉ် ပဲတင်ပို့ခွင့်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ G to G အရ  ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံ တန်ချိန် (၁) သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုကဏ္ဍမှ တင်ပို့ခွင့်ရရှိထားကြောင်း သိရသည်။

     လက်ရှိ အိန္ဒိယနိုင်ငံသို့ ပဲတီစိမ်း ၊ မတ်ပဲနှင့် ပဲစင်းငုံများကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ် မတ်လအထိ လွတ်လပ်စွာ ပဲတင်ပို့ခွင့်ရရှိထားကြောင်းနှင့်  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကန်ဒေါ်လာ ၂၇၀ ဒသမ ၃၅၂ သန်းဖိုး တင်ပို့ထားကြောင်းသိရသည်။ ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ အဓိကထားတင်ပို့နေရခြင်းဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့ရာတွင် ပြည်ပပို့ကုန်ပမာဏမှာ နှစ်စဉ် တန်ချိန် (၁)သန်းအထက်   တင်ပို့နေရပြီး ပို့ကုန်ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ   ၂ ဘီလီယံမှ ၁   ဒသမ ၅  ဘီလီယံအထိ ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Source: Pupular News Journal

Category: Local News