Local News

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းလာ

Last Updated:

ဇူလိုင်လ ပထမအပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ပဲ‌‌မာဈေးဆက်တိုက် ကျဆင်းလာပြီး လက်ကျန်နည်းလာခြင်းနှင့် အိန္ဒိယ နိုင်ငံမှ ဝယ်လိုအားလျော့နည်းခြင်းတို့ကြောင့် ပြည်ပပို့ကုန်ပဲမာ ဈေးများ ကျဆင်းသွားကြောင်း၊ လက်ရှိဈေးက ကျဆင်းသော်လည်း ကုန်သည်များ လှောင်ထားဆဲ အခြေအနေမှာ ရှိနေသောကြောင့် မကြာမီဈေးပြန်တက်လာနိုင်ကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရ သည်။

မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၁၅၀၀၀ မှ ၂၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၁၅၀၀၀ မှ ၂၃၅၀၀၀၊ ယခင်လ ကျပ် ၂၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀ ၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ နိမ့်ကျ လာသည်။

ပဲစဉ်းငုံ (နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၀၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၃၂၀၀၀၀၊ ယခင်လ ကျပ် ၃၂၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်၊ ယခင်လထက် ကျပ် ၁၅၀၀၀ နိမ့်ကျလာသည်။

ပဲတီစိမ်း (အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၅၅၀၀၀ မှ ၁၇၁၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၇၅၀၀၀ မှ ၁၈၅၀၀၀ ၊ ယခင်လ ကျပ် ၁၃၀၀၀၀ မှ ၁၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀၀ မှ ၃၀၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက် ကျပ် ၁၁၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်။

မြေထောက်ပဲ  ၅၄ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၀၀၀၀၀ မှ ၃၂၀၀၀၀  ၊ ယခင်တစ်ပတ်ကျပ် ၃၀၀၀၀၀ မှ ၃၂၅၀၀၀၊ ယခင်လ ကျပ် ၂၃၀၀၀၀ မှ ၂၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လ ထက် ကျပ် ၄၅၀၀၀ မှ ၇၀၀၀၀ မြင့်တက်လာသည်။

Category: Local News