ရွှေမန်း
စပါးဈေးနုန်းများမှာ ပြီးခဲ့သည့် ဇွန်လကုန်မှစ၍ ဒေသနှင့် စပါးအမျိုးအစားအလိုက် တင်းတစ်ရာလျင် ငွေကျပ် ငါးသောင်းမှ တစ်သိန်းထိ ဈေးကျဆင်းလာပြီး စပါးပေါ်ချိန်တွင် ယခင်က သိုလှောင်ထားသော စပါးများသာ ဈေးကွက်အတွင်း ထုတ်ရောင်းလာပါက ပိုမိုကျဆင်းလာဖွယ်ရှိကြောင်း ဆန်စပါးဈေးကွက်မှ သိရသည်။ မကြာမီ နွေစပါးများထွက်ပေါ်တော့မည်ဖြစ်
“တောင်သူတွေက နွေစပါးထက် မိုးစပါးကို စိုက်ပျိုးမှုပိုမို အားစိုက်ကြတယ်။ ခုလဆန်းပိုင်းမှာ စပါးဈေးက အမျိုးအစားအလိုက် တင်းတစ်ရာကို အနည်းဆုံး ငွေကျပ်ငါးသောင်းလောက် ဈေးကျလာတယ်။ ပြီးခဲ့တဲ့ စပါးပေါ်ချိန်မှာ ဝယ်ယူသိုလှောင်တဲ့သူတွေက ဆန်ကြိတ်ခွဲရောင်းချပြီး ပိုလျှံတဲ့ စပါးတွေ ထုတ်ရောင်းမယ်၊ စပါး အသစ်ထွက်လာတော့မယ်ဆိုတော့ စပါးဈေးက အကျဘက်သွားမယ်”ဟု ဆန်စပါးကုန်သည်တစ်ဦး ကပြောသည်။
လက်ရှိစပါးတင်းတစ်ရာပေါက်ဈေးများအရ ဧရာပဒေသာ ၂၁ သိန်းငါးသောင်း၊သုခအဟောင်းမှာ ငွေကျပ် သိန်း ၂၀၊ သုခအသစ် ငွေကျပ် ၁၈ သိန်းငါးသောင်း၊ ဇီယာနှင့် ရက် ၉၀ စပါးမှာ ငွေကျပ် ၁၉သိန်းငါးသောင်း၊ သီးထပ် စပါးမှာ ၁၇ သိန်းငါးသောင်း၊ ပခမ်းစပါးမျာ ၁၉သိန်းငါးသောင်းအသီးသီးပေါက်ဈေးရှိရာ ဇွန်လလယ်က ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် စပါးတင်းတစ်ရာလျင် ငွေကျပ် ငါးသောင်းမှ တစ်သိန်းဝန်းကျင်ကျဆင်းခဲ့သည်ဟု ဆိုသည်။
“တောင်သူတွေမှာက လုပ်သားရှားပါးတာနဲ့ လုပ်ခဈေးကြီးတာရယ်၊ သွင်းအားစုတွေ
မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဆန်ဈေးကွက်တည်ငြိမ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး စပါးသိုလှောင်ထားမှုအခြေအနေများ
Source: မကွေးဂျာနယ်