International News

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် စွမ်းအင်သစ်လုပ်ငန်း ခိုင်မာစွာအားကောင်းလာ

Last Updated:

        တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် စွမ်းအင်ထုတ်လုပ်မှု၊ သိုလှောင်မှုအရှိန်မြှင့် ဆောင်ရွက်ရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်ကြိုးပမ်းအားထုတ်လျက်ရှိသလို စွမ်းအင်သစ်ကဏ္ဍ၌ အခိုင်အမာတိုးချဲ့လုပ်ဆောက်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် ပထမသုံးလပတ်အတွင်း ကွေ့ကျိုးပြည်နယ်၏ စွမ်းအင်သစ်ဘက်ထရီနှင့် ကုန်ကြမ်းပစ္စည်းကဏ္ဍရှိ ထွက်ရှိမှုမှာ ယွမ် ၂၀.၃၈ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၂.၈၃ ဘီလီယံခန့်) ရှိကြောင်း ကွေ့ကျိုး စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအင်စတီကျုမှ အစီရင်ခံစာအရ သိရသည်။

     အဆိုပါ အစီရင်ခံစာကို ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်မြို့၌ ဇူလိုင် ၉ ရက်အထိ နှစ်ရက်ကြာကျင်းပနေသော Eco Forum Global Guiyang 2023 ၌ ကွေ့ကျိုး စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအင်စတီကျုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းကိန်းဂဏန်းသည် ယမန်နှစ်အလားတူကာလထက် ၆၈.၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း အစီရင်ခံ၌ ဖော်ပြထားသည်။ ထိုကဏ္ဍ၏ နှစ်စဉ်ထုတ်လုပ်မှုမှာ ၂၀၂၃ ခုနှစ်တွင် ယွမ် ၁၀၀ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ကွေ့ကျိုးပြည်နယ်ရှိ အဆိုပါကဏ္ဍ၏ စုစုပေါင်းထုတ်လုပ်မှုပမာဏမှာ ယွမ် ၅၃.၂၉ ဘီလီယံရှိပြီး စွမ်းအင်သစ် တပ်ဆင်ထုတ်လုပ်မှုမှာ ကီလိုဝပ် သန်း ၂၀ ကျော်ရှိကြောင်း သိရသည်။ ထို့ပြင် နှစ်စဉ် လီသီယံအိုင်ယွန်း ဖော့စဖိတ်ကုန်ကြမ်းပစ္စည်း ထုတ်လုပ်မှုကလည်း ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁.၄ သန်းအထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ 

Source: https://xinhuamyanmar.com

Category: International News