Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့/တင်သွင်းနိုင်မှုအခြေအနေ

Last Updated:

     မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂)ရက်နေ့မှ ဩဂုတ်လ(၇)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀)ဒေါ်လာနှုန်းဖြင့် (၇.၂၀၀)တန်၊ တန်ဖိုး (၀.၀၁၃)  ဒေါ်လာသန်းအား  အကောက်ခွန်  သက်သာခွင့်ဆိုင်ရာ  ပင်းရင်းနိုင်ငံသက်သေခံလက်မှတ်  Form  D  အကျိုးခံစားခွင့်လျှောက်ထားရယူ၍  ထိုင်းနိုင်ငံသို့  ကားလမ်းကြောင်းဖြင့်  မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

     မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂)ရက်နေ့မှ ဩဂုတ်လ(၇)ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုဒီဇယ်ဆီ တစ်တန်လျှင် (၈၂၃) ဒေါ်လာနှုန်းဖြင့် (၁၀၀၀) တန်၊ တန်ဖိုး (၀.၈၂၃) ဒေါ်လာသန်း၊ ဓါတ်မြေဩဇာ (၂၀၀) တန်၊ တန်ဖိုး (၀.၀၅၉) ဒေါ်လာသန်း၊ ဘက်ထရီအိုး (၁၉၀၁) U၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ သံချောင်း (၅၅)တန်၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း၊ Empty Gas ဗူးခွံ (၆၉.၀၇၆) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း သွင်းကုန်စုစုပေါင်းတန်ဖိုး (၀.၉၅၉) ဒေါ်လာသန်းအား တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၅၉၀) ကျပ်နှင့်ဒီဇယ် တစ်လီတာ(၂၅၆၈) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News