Local News

ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ စားသောက်ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံကျော်ထိရှိလာနိုင်

Last Updated:

          ထိုင်းနိုင်ငံ၏ စားသောက်ကုန်များ ပြည်ပတင်ပို့မှုတန်ဖိုးသည် ယခုနှစ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး စုစုပေါင်းတန်ဖိုးအားဖြင့် ဘတ်ငွေ ၁ ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၃၁ ဘီလီယံ) ထိ စံချိန်မြင့်တက်လာနိုင်ကြောင်း ရိုက်တာသတင်းဌာနက ယနေ့ (မေ ၁၀) ရက်နေ့တွင် ဖော်ပြခဲ့သည်။ တရုတ်ဈေးကွက်ပြန်ပွင့်လာမှုနှင့် ကမ္ဘာ့ဈေးကွက်များ၌ ဝယ်လိုအား ပြန်လည်ဦးမော့လာမှုတို့ကြောင့် ထိုင်းနိုင်ငံ၏ စားသောက်ကုန်ပို့ကုန်တန်ဖိုး ယခုနှစ်အတွင်း စံချိန်တင် မြင့်တက်လာနိုင်ခြင်း ဖြစ်သည်။

          ယခုနှစ် ဇန်နဝါရီလနှင့် မတ်လ ကြားကာလတွင် ထိုင်းနိုင်ငံ၏ စားသောက်ကုန် ပြင်ပတင်ပို့မှုတန်ဖိုးမှာ ဘတ်ငွေ ၃၄၆ ဘီလီယံထိရှိခဲ့ရာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အဆိုအရ သိရသည်။

          သို့သော် ထိုင်းနိုင်ငံ၏ အစားအစာ ပို့ကုန်တန်ဖိုးသည် ယခုနှစ် ဒုတိယလေးလပတ်တွင် ကျဆင်းသွားနိုင်ဖွယ်ရှိသော်လည်း ခြောက်လတာ ကာလအတွင်း ပြန်ည်မြင့်တက်လာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ များက သုံးသပ်ထားသည်။ ကုန်စည်စီးဆင်းမှု ဈေးကွက်ကွင်းဆက်တစ်လျှောက် အစားအစာထုတ်ကုန်များ ပြတ်လပ်မှုကြောင့် ကိုဗစ်-၁၉ ရောဂါကပ်ဘေးမှ ပြန်လည်ရုန်းထွက်လာနိုင်သည့် နိုင်ငံများ၌ စားသောက်ကုန်ဝယ်လိုအား မြင့်တက်လာခဲ့ရကြောင်း ထိုင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: ရတနာပုံသတင်းစာ

Category: Local News