Local News

နိုင်ငံခြားပို့ကုန်ပဲများ ဈေးများမြင့်တက်နေသော်လည်း ပြည်တွင်းသုံးကုလားပဲများအပါအဝင် အားလုံး ဈေးတည်ငြိမ်နေ

Last Updated:

ရွှေမန်း

နိုင်ငံခြားပို့ကုန်ပဲများ ဈေးများမြင့်တက်လာနေသော်လည်း ပြည်တွင်းသုံးကုလားပဲများ အပါအဝင်အား လုံးဈေးတည် ငြိမ်နေကြောင်း ပဲ၊နှမ်းကုန်သည် များထံက သိရသည်။ ပြည်တွင်း ပဲ၊နှမ်းဈေးကွက်မှာ လက်ကျန်ပဲ စောစောကုန်တာကြောင့် အမြင့်ဈေးများဖြစ်နေသော်လည်း လက်ရှိအချိန် မိုးရာသီဖြစ်တာကြောင့် အနည်းငယ်ဈေးမြင့်နေခြင်းသာဖြစ်သော်လည်း အရောင်းအဝယ်ခပ်အေးအေးသာ ရှိနေသည်။

နိုင်ငံခြားပို့ကုန်ပဲများ ဈေးများ ပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်းသုံးကုလားပဲနှင့် နှမ်းမျိုးစုံဈေးကွက် ဆက်လက်ကျဆင်းနေကြောင်း၊ စားအုန်းဆီ ဈေးကျဆင်းမှုနှင့်အတူ ပြည်တွင်း မြေပဲဆန်ဈေးမှာလည်း လိုက်ပါဈေးကျနေကြောင်း လက်ကျန်နည်းလာသည့် ပြည်တွင်းသုံး ကုလားပဲများမှာ အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေကြောင်း လက်ရှိအချိန်တွင် နိုင်ငံတော်အဆင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆောင်ရွက်နေတာကြောင့် လာမည့်သီတင်းပတ်များတွင် ဈေးနှုန်းများ မြင့်တက်နိုင်စရာမရှိကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

"ပို့ကုန်မတ်ပဲနဲ့ပဲစင်းငုံကတော့ ဈေးပြန်မြင့် တက်လာပါတယ်။ ပြည်တွင်းသုံး ကုလားပဲ ဈေးတစ်ခုပဲလက်ကျန်အရမ်းနည်းလာတော့ ဈေးမကျတာပါ။ ကျန်တဲ့ပဲတွေကတော့ ဈေးခပ်အေး အေး ဖြစ်နေပါတယ်။ ပဲတီစိမ်းလည်း ဈေးကျတယ်။ နှမ်းမျိုးစုံကလည်း ဈေးကျတယ်။ မြေပဲဆန်ဈေးကလည်း တရုတ်မသွားနိုင်သေးတာရယ် စားဆီဈေးတွေလည်းကျတော့ သူလည်း ဈေးလိုက်ကျ နေပါတယ်။ နိုင်ငံတော်ကလည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်နေတာဖြစ်လို့ နောက်သီတင်းပတ်မှာလည်း ပဲ၊ နှမ်းဈေးကွက်က  ဈေးတွေတက်စရာ မရှိပါဘူး"ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၇ ရက်တွင် သုံးတင်းဝင် မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၂၄၅၀၀၀  ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၃၈၅၀၀၀  ပေါက်ဈေးဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆ဒသမ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၆၀၀၀၀  ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်းသွားရာ  စက်တင်ဘာလ ၇ ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၂၇၂၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ်၂၈၂၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ်၂၇၁၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၃၀ç၀၀၀၊ (မျိုး)၃၄၀၀၀၀၊ ပဲ ထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၇၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်  ၃၈၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ် ငွေကျပ် ၂၂၀၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ် ပိဿာငွေကျပ်  ၉၁၀၀  ပေါက် ဈေးရှိသည်။ နှမ်းမျိုးစုံဈေးကွက်မှာ ယခင်သီတင်းပတ်ထက် သိသိသာသာ ဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၃၉၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊  နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀ ပေါက်ဈေး ရှိကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News