ဆန်စျေးကွက်
ပြည်တွင်းဆန်စျေးကတော့ အရင်လကတည်းက ဆက်တိုက်မြင့်တက်လာခဲ့ပြီး လက်ရှိအထိ ပြန်လည်ကျဆင်းတာမရှိသေးဘဲ အမြင့်စျေးတန်းမှာပဲဆက်ရှိနေပါ
ပြင်ပ ဆန်စျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းက ၁၇၀၀၀၀ ကျော်စျေးတန်းရှိပြီး ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေးနှင့် ဒေးဒရဲပေါ်ဆန်းမွှေး၊ မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းနယ်စုံ ဆန်အမျိုးအစားတွေက ၁၁၀၀၀၀ အထက်စျေးတန်းအမြင့်မှာပဲဆက်ရှိ
စပါးစျေးကွက်
ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက နေရာအချို့မှာ မိုးစပါးအသစ်တွေ စတင်ရိတ်သိမ်းနေပြီဖြစ်ပေမယ့် အရင်နှစ်မိုး စပါးအဟောင်းစျေးနဲ့ မိုးစပါးအသစ်စျေးက ကျသွားတာမျိုးမရှိပဲ အမြင့်စျေးတန်းမှာပဲ ရှိနေတယ်လို့ စပါးဝယ်ရောင်းလုပ်ကိုင်တဲ့ကုန်
မတ်ပဲ
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၂၅၀၅၀၀၀ ပေါက်ဈေးရှိနေပြီး အရင်တစ်ပတ်နဲ့ ယှဉ်ပါက တစ်တန်ကို ၁၀၀၀၀ လောက် ဈေးမြင့်တက်လာကာ မတ်ပဲ (RAW) ကလည်း တစ်ပိဿာကို ၄၁၃၀ မှ ၄၁၇၅ ပေါက်ဈေးရှိပြီး အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၁၂၅ ကျပ်ဈေးမြင့်တက်လာတာတွေ့ရပါတယ်။ နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၈၁၅၀၀ ကျပ်အထိ မြင့်တက်လာလို့ အရင်ပတ်နဲ့ ယှဥ်ရင် ၁၀၀၀ ဝန်းကျင်ပြန်လည် မြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၄၅၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်နေပါတယ်။ မတ်ပဲကို အိန္ဒိယနိုင်ငံက ပြန်ပြီးအဝယ်လိုက်လာတာကြောင့် စျေးနူန်းပြန်လည်မြင့်တက်လာတာဖြ
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ခုတစ်ပတ်မှာလည်း စျေးထပ်မံမြင့် တက်လာတယ်လို့ ကုန်စည်ဒိုင်တွေဆီကသိ ရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ငွေကျပ် သိန်း ၄၁၅၀၀၀၀ ကျပ်အထိ စျေးမြင့်တက်လာပြီး အရင်တစ်ပတ်ကထက် ၂ သိန်း ၄၀၀၀၀ ကျပ် မြင့်တက်လာပါတယ်။ မန္တလေးစျေးကွက်မှာလည်း ပဲစင်းငုံနီ စျေးက တစ်အိတ်ကို ၃၈၅၀၀၀ ကျပ်ပေါက်စျေးရှိပြီး အရင်တစ် ပတ်ကထက် ၂၅၀၀၀ ကျပ် စျေးတက်လာ တာတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုးကြောင့် ပဲစင်းငုံနီအထွက်ရှိနှုန်းလျော့
ကြက်သွန်နီ
ခုတစ်ပတ်မှာတော့ ကြက်သွန်နီကလည်း စျေးပြန်ကျ လာတယ်လို့ ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။ စျေးကွက်ကို ဝင်ရောက်လာတဲ့ ကြက်သွန်အရည်အသွေးပေါ်လိုက်ပြီး အရောင်းအဝယ်ဖြစ်နေကာ ပစ္စည်းညံ့တဲ့ကြက်သွန်တွေက အရောင်းအဝယ်အေးပြီး ဝယ်သူမရှိတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာဆို
ကြက်သွန်ဖြူ
ကြက်သွန်ဖြူဈေးကလည်း ပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ အဝင်ပုံမှန်ရှိနေပေမယ့် စံချိန်တင်ဈေးမြင့်မှုကြောင့် ဝယ်ယူမှုနည်းသွားပြီး ဈေးတွေ ပြန်ကျဆင်းလာတာ ဖြစ်တယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။ ကြက်သွန်ဖြူ (ကြူကုတ်) က တစ်ပိဿာကို ၇၈၀၀ မှ ၇၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူ (ရှမ်း) ကတော့ တစ်ပိဿာကို ၇၅၀၀ မှ ၉၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Source: https://t.me/htwettoe