Local News

မြန်မာနိုင်ငံတွင် ယခုနှစ် ထောပတ်သီးရာသီအစ စျေးနှုန်း မြင့်တက်နေ

Last Updated:

ယခုနှစ် ထောပတ်သီးရာသီအစ ပြီးခဲ့သည့် ရာသီထပ် စျေးနှုန်းမြင့်တက်နေပြီး စျေးကွက်ကောင်းနိုင်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ လက်ရှိ စျေးကွက် အစ တစ်ကီလိုလျှင် ကြမ်းခင်းစျေး ၃၅၀၀ ကျပ်ရှိပြီး ပြီးခဲ့သည့် နှစ်က တစ်ကီ လို ၂၅၀၀ သာ ရှိ ခဲ့သောကြောင့် ပြီးခဲ့သည့် ထောပတ်သီးရာသီအစဖြင့် ယှဉ်ပါက စျေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

လက်ရှိ ပြည်ပနိုင်ငံ တင်ပို့နိုင်မည် Hass အမျိုးစား မှာ ရင့်မှည့်ရန် လိုအပ်နေသေး၍ ခူးလို့မရသေးကြောင်း သိရပြီး အောက်တိုဘာလကုန်မှသာ စျေးကွက်သို့ ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံမှ ကမ်းလှမ်းထားသည့်အတွက် အဓိကထား တင်းပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင်ထောပတ်သီးစျေးကွက် ရေရှည်ခိုင်မြဲရန် ထောပတ်သီးများကို ပြည်ပစျေးကွက်အပြင် ပြည်တွင်းစျေးကွက်အတွင်းပါ စားသုံးသူများကာ စျေးကွက်ရရှိနိုင်ရေးအတွက် ပြည်တွင်း၌ တွင်ကျယ်ရန် ဖြန့်ဖြူခြင်းနှင့် promotion များလည်း ဆောင်ရွက်နေကြောင်းသိရသည်။

"ပြည်တွင်းစျေးကွက်မှာ promotion လုပ်ဖို့၊ ထောပတ်သီးကို ပြည်တွင်းမှာ ဖျော်ရည်အပြင် ပိုပြီးစားတက်ဖို့နဲ့ ပြည်တွင်းစျေးကွက်ကို အလေးပေး ဖြန့်ဖို့ဆောင်ရွက်မယ်။ မနှစ်က လုပ်ခဲ့ campaign တွေက ဒီနှစ်မှာ တွန်းအားရှိတယ်။ဒီနှစ်မှာ နှစ်ဆဖြစ်အောင်လုပ်ရမယ် ” ဟု ထောပတ်သီးလုပ်ငန်းရှင်များ တစ်ဦးကသုံးသပ်ပြောသည်။

ထောပတ်သီးများကို မရင့်သေးပဲ ခူးဆွတ်၍ ရောင်းမယ်ဆိုပါက စျေးကွက်နာမည် ပျက်သွားနိုင်သည့်အတွက် ရင့်မှည့်ပြီး ရောင်းလို့ရမည့် အချိန်မှသာ ခူးဆွတ်ရောင်းချသင့်ကြောင်း တောင်သူများကို အကြံပေးထားသည်။ လက်ရှိ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံကိုလည်း တရားဝင် တင်ပို့ကုန်သွယ်ရောင်းချခွင့်ရရေးကို အစိုးရချင်း လျောက်ထားခြင်းနှင့် ပြည်တွင်းကုန်သွယ်ရေးနှင့် ညှိနှိုင်းခြင်းများ ဆောင်ရွက်နေကြောင်း လည်းသိရသည်။

ယခုနှစ် မိုးအရမ်းများခဲ့သည့် အတွက် ထောပတ်သီး အထွက်နှုန်းများ နိုင်မည်ဖြစ်ကြောင်းသိရသည်။ ထောပတ်သီးများသည် အောက်တိုဘာလတွင် အသီးများ စတင်ထွက်ရှိပြီး ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်ကာ စစိုက်ပြီး(၃)နှစ်နေမှ စတင်အသီးသီး ကြောင်း သိရသည်။ 

ထောပတ်သီး ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်) တို့မှာ အများဆုံးစိုက်ပျိုးကြသည်။

Source: https://t.me/htwettoe

Category: Local News