Local News

ကြံစိုက်ရာသီ နီးလာ‌တာကြောင့် ကြံတစ်တန်ဈေး ထပ်မံတိုးမြှင့်ပေးလာ

Last Updated:

ရွှေမန်း

ကြံစိုက်ရာသီ နီးလာတာကြောင့် သကြားစက်ရုံများက နယ်မြေအလိုက် ကြံတစ်တန်ဈေး တိုးမြှင့်ပေးဝယ်လာရာ ရှမ်းပြည် (မြောက်ပိုင်း)၊ ငွေရည်ပုလဲသကြား စက်ရုံက ၂၀၂၃-၂၀၂၄ ရာသီ အတွက် ကြံတစ်တန်လျှင် စက်ရုံ အရောက် ငွေကျပ် ၁၂၀ç၀၀၀ အထိ ဒုတိယအကြိမ် ထပ်မံတိုး မြှင့်ဝယ်ယူလာကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ကြံစိုက်ပျိုးရာသီတွင် စက်တင်ဘာလအတွင်းက ကြံတစ်တန် ငွေကျပ် ၁၁၀ç၀၀၀ ဖြင့် ဝယ်ယူမည်ဟု ထုတ်ပြန် ထားရာမှ ယခု အောက်တိုဘာလ ကြံစိုက်ရာသီ ရောက်လာချိန်တွင် ကြံတစ်တန်ငွေကျပ် ၁၂၀၀၀၀ အထိ သကြားစက်ရုံများက တိုးမြှင့် ပေးဝယ်လာကြောင်း သိရသည်။

ယခင်နှစ်က ကြံတစ်တန် ငွေကျပ် ၉၅၀၀၀-၁၀၀၀၀၀ ထိ သာ အမြင့်ဆုံးဝယ်ယူခဲ့ပြီး ယခုနှစ် ကြံစိုက်ရာသီမရောက်မီ စက်တင်ဘာလမှ အောက်တိုဘာလအထိ ၁၁၀၀၀၀-၁၂၀၀၀၀ထိ တိုးမြှင့်ဝယ်ယူလာခြင်းဖြစ်သည်။ လက်ရှိပြည်တွင်းသကြားဈေးမှာ အောက်တိုဘာလဆန်းတွင် ငွေကျပ် ၃၆၅၀-၃၇၅၀ ပေါက်ဈေးရှိရာ ကြံတစ်တန်လျှင် ငွေကျပ် ၁၂၀၀၀၀ ထက် ပိုမို ပေးဝယ်သင့်ကြောင်း ကြံစိုက် တောင်သူမျာ:ထံမှ သိရှိရပါသည်။

Source: မကွေးဂျာနယ်

 

Category: Local News