တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသရှိစက်ရုံများမှ ငါးသေတ္တာဘူးခွံများထုတ်လုပ်လျက်ရှိရာ ငါးသေတ္တာဘူးခွံလိုအပ်ချက်မှာလဲ နေ့စဉ်မြင့်မားလာသည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ငါးသေတ္တာဘူးခွံ များကို အသုံးပြုကြသော်လည်း Demand များလာသည့်အချိန်များတွင် ပြည်ပမှလည်း မှာယူတင်သွင်းကြသည်။
မောတောင်နယ်စပ်ကုန်သွယ်ရေးမှလည်း ငါးသေတ္တာဘူးခွံများကို တစ်ဖက်နိုင်ငံမှ တင်သွင်းလျက်ရှိရာ (၁-၅-၂၀၂၃) ရက်နေ့မှ (၉-၅-၂၀၂၃) ရက်နေ့အထိ ငါးသေတ္တာဘူးခွံအလုံးရေ (၁၀၀၀၀၀) ဝန်းကျင် တင်သွင်းခဲ့ပြီး လက်ရှိပေါက်စျေးအနေဖြင့် (၁) Uလျှင် (၀.၄၁၂) ဘတ်ပေါက်ဈေးရှိကြောင်း သိရှိရသည်။
Source: https://commerce.gov.mm