International News

စစ်တွေမြို့ရှိ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးစီမံကိန်း ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း၏ စစ်တွေကုလားတန် ဆိပ်ခံတံတားဖွင့်လှစ်ခြင်းနှင့် နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေး ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

Last Updated:

    

     မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင်တည်ရှိသော ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင်ပါဝင်သည့် စစ်တွေဆိပ်ကမ်းအား ၂၀၂၃ခုနှစ်၊ မေလ (၉)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဒုတိယဝန်ကြီးချုပ်နှင့်   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အိန္ဒိယသမ္မတနိုင်ငံ   ဆိပ်ကမ်းများ၊   ကုန်စည်    သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Shri SarbanandaSonowal တို့သည် အတူတကွပူးတွဲဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ်ကြီးနှင့်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ လိုက်ပါလာသော စက်မှုကုန်သည်လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြသည်။

      ဆက်လက်၍ နေ့လယ် (၁၂: ၃၀) အချိန်၌ နှစ်နိုင်ငံဝန်ကြီးများဦးဆောင်၍ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကိုရခိုင်ပြည်နယ် စစ်တွေဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးမှ သံအမတ်ကြီးနှင့်တကွ ကောင်စစ်ဝန် များ၊ အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များနှင့် ရခိုင်ပြည်နယ် မှ စီးပွားရေးလုပ်ငန်းရှင် များတက်ရောက်ခဲ့ကြသည်။

      အဆိုပါတွေ့ဆုံပွဲအခမ်းအနား၌ နှစ်နိုင်ငံအကြား ကုန်သွယ်မှုအတွက် ငွေကြေးပေးချေမှုများနှင့် နိုင်ငံခြားငွေသုံးစွဲမှု အဆင်ပြေစေရေး၊ စစ်တွေဆိပ်ကမ်းကို အခြေပြုတင်ပို့သော မြန်မာ့ပို့ကုန်များအတွက် အခွန်အကောက် လျှော့ပေါ့သက်သာခွင့်ရရှိရေးနှင့် စစ်တွေ-ကလကတ္တား ပုံမှန်ပြေးဆွဲပေးနိုင်မည့် သင်္ဘောလိုင်းသတ်မှတ်ထားရှိပေးရေးကိစ္စတို့ကို ရခိုင်ကုန်သည်/စက်မှု အသင်း RSCCI မှ တင်ပြဆွေးနွေးခဲ့ပြီး၊ ရခိုင်ပြည်နယ် ကမ်းရိုးတမ်းသင်္ဘောပိုင်ရှင်များ အသင်းမှလည်း စစ်တွေဆိပ်ကမ်းသစ်၌ ဆိပ်ကမ်းအသုံးပြုခများကို မြန်မာကျပ်ငွေစနစ်ဖြင့် ဆောင်ရွက်ခွင့်ရရှိရေး၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ (စစ်တွေ- ပလက်ဝမြစ်ကြောင်းသယ်ယူပို့ဆောင်ရေးနှင့် စစ်တွေ-ရန်ကုန် ကမ်းရိုးတမ်းသွား ပို့ဆောင်ရေး ) တွင် ပါဝင်ခွင့်ရရှိရေးနှင့် ဒေသခံလုပ်ငန်းရှင်များ၏ သင်္ဘောများပါဝင်ပြေးဆွဲခွင့် ဖော်ဆောင် ရေးတို့အတွက် တင်ပြဆွေးနွေးခဲ့ကြသည်။ ရခိုင်ဒေသ MSME ထုတ်ကုန်များ တိုးမြှင့်ထုတ် လုပ်နိုင်ရေးအတွက်  အိန္ဒိယနိုင်ငံလုပ်ငန်းရှင်များနှင့် ရခိုင်ဒေသတွင်းလုပ်ငန်းရှင်များ ဖက်စပ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရန် ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြသည် ။

Source: https://commerce.gov.mm

 

Category: International News