Local News

ပဲဈေးကွက်

Last Updated:

     ဒီတစ်ပတ်ပဲမျိုးစုံဈေးကွက်မှာတေ့ အဓိက ပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံနီတို့က ဈေးတွေဆက်ပြီးမြင့်နေကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။ ဈေးတွေ စံချိန်တင်မြင့်တက်နေမှုကြောင့် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက ပဲစင်းငုံနီနှင့် မတ်ပဲခွဲခြမ်း သိုလှောင်ထားနိုင်မှု ကန့်သတ်ချက်ကို ထုတ်ပြန်ခဲ့ပြီးလက်ကား ရောင်းချသူများမှ တန်ချိန် ၂၀၀၊လက်လီရောင်းချသူများက  ၅ တန် သာ သိုလှောင်ရမည်ဟု ဆိုသည်။ ပဲခွဲစက်တွေကလည်း ပဲထုတ်လုပ်မှုအတွက်  ထုတ်လုပ်မှု မှ ၃ လ အတွင်း သို့မဟုတ် တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်မှု ပမာဏ ၂၅ ရာခိုင်နှုန်းကိုသာ ထားရှိရမည်ဟု ကြေညာခဲ့သည်။ 

      ထို့သိုကြေညာထုတ်ပြန်မှုကြောင့် ပြည်တွင်း မတ်ပဲဈေးနဲ့ ပဲစင်းငုံနီဈေး အနည်းငယ်ပြန်ကျဆင်းခဲ့ပေမယ့် ရက်ပိုင်းအတွင်း ဈေးပြန်လည်မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့်  အပတ်နဲ့ယှဉ်ရင် ဈေးမြင့်တက်လာခဲ့ပေမယ့် အခြေအနေစောင့်ကြည့်နေမှုတွေကြောင့် ဈေးကွက်အတွင်း ပဲအရောင်းအဝယ်  သိပ်မရှိဘူးဟု ပဲကုန်သည်အချို့ကဆိုသည်။ မတ်ပဲကတော့ ဒီတစ်ပတ် တစ်တန်ကို ၂,၃၆၅,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၄၀၀၀၀ ကျော်   ဈေးမြင့်တက်လာသည်။    ပြည်တွင်းဈေး   မြင့်တက်နေပေမယ့် FOB ဈေးနှုန်းကတော့  တစ်တန်ကို   အမေရိကန် ဒေါ်လာ ၉၅၀ ကနေ  ၉၇၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေသည်။ 

     ပဲစင်းငုံနီကတော့ ဒီတစ်ပတ် ထုတ်ပြန်ချက်ကြောင့် ဈေးအပြောင်းအလဲရှိခဲ့ပေမယ့် တစ်တန်ကို သိန်း ၃၀ ကျော်အထိ ဈေးမြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် အပတ်နဲ့နှိုင်းယှဉ်ပါက တစ်တန်ကို ၃ သိန်းကျပ်ဈေး မြင့်တက်ခဲ့သည်။ FOB ပေါက်ဈေးနှုန်းကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၂၃၀ ကနေ ၁၂၅၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၁၁၀ ဈေးမြင့်တက်လာသည်။ ဈေးတွေ စံချိန်တင်မြင့်တက်နေပေမယ့် အရောင်းအဝယ်ကတော့ မရှိဘူးဟု သိရသည်။ 

       ကုလားပဲဈေးကလည်း မတ်ပဲနဲ့ပဲစင်းငုံနီတို့နှင့်တန်းတူ ဈေးမြင့်တက်နေပြီး လက်ရှိပေါက်ဈေးနှုန်းသည် ဆက်ပြီး ခန့်မှန်း၍ မရလောက်အောင် စံချိန်မြင့်တက်နေခြင်း ဖြစ်ကြောင်း ကုလားပဲရောင်းဝယ်သူ ကုန်သည်တွေ က ဆိုသည်။ ကုန်သည်တွေကတော့ ကုလားပဲဈေးနှုန်းသည် တစ်သိန်းအထိ မရောက်ရှိနိုင်ကြောင်း  ခန့်မှန်းထားကြပေမယ့် ရောင်းချသူ တောင်သူတွေကတော့ ဆက်ပြီး လှောင်ထားနေဆဲ အခြေအနေ ကြောင့်  ကုလားပဲက ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေသည်ဟု စုံစမ်းသိရှိရသည်။ 

      ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄၄၁၅ ကနေ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၅၈၀ ကနေ ၄၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ်ဈေး တက်လာသည်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၈၀၀ ကနေ  ၆၀၂၅ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၇၅ ကျပ်ဈေး တက်လာသည်။ ကုလားပဲလုံးဖြူကြီးက FOBဈေးနှုန်း တစ်တန်ကို အမေရိကန်ဒေါ်လာ ၉၅၀ ကနေ ၁၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တန်ကို ဒေါ်လာ ၅၀ ဈေးမြင့်တက်လာခဲ့သည်။ 

  စပါးဈေးကွက် 

       စပါးဈေးက ဆက်တိုက်ဈေးမြင့်တက်နေပြီး အဝင်ရှိသလောက် အရောင်းအဝယ်ရှိနေသည်ဟု နယ်ဈေးကွက်တွေထံကနေ စုံစမ်းသိရှိရသည်။ ကြိုရောင်းကြိုဝယ်များသာရှိပြီး  လက်ရှိ ဈေးကွက်အတွင်း ဈေးတွေမြင့်တက်နေခြင်း ကြောင့် လှောင်တဲ့သူများပြားနေကြောင်းလည်း   ကုန်သည်အချို့ထံကနေသတင်းရရှိသည်။ “ကြိုရောင်းကြိုဝယ်တွေပဲ အရောင်းအဝယ်ရှိတယ်။ ပြီးရင် ‌‌ေင်္ဘာတင်ဖို့အတွက် ဝယ်ယူတာတွေပေါ့။ ကျန်တာ စပါးလည်းအများကြီးလည်း သိပ်မထွက်သေးဘူး၊ ထွက်သလောက်လည်းဈေးကွက်ထဲ မရှိဘူး။ လှောင်ကြတယ်ပေါ့”ဟု ပဲခူးတိုင်းဒေသကြီး မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ 

      ဧရာဝတိုင်းပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၂,၁၄၆,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇,၀၀၀ ကျပ်၊ ပုသိမ်ဧည့်မထ(မိုး)စပါးက တင်း ၁၀၀ ကို ၁,၇၂၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်၊ ဧည့်မထ(နွေ)စပါးက တင်း ၁၀၀ကို ၁,၆၂၈,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာသည်။ မြောင်းမြပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၂,၁၆၇,၃၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၈၈,၅၀၀ ကျပ်၊ မြောင်းမြဧည့်မထ(မိုး)စပါးကတင်း ၁၀၀ ကို ၁,၇၃၄,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၂,၀၀၀ ကျပ်၊ဧည့်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၁,၆၅၄,၀၀၀ပေါက်ဈေးရှိပြီး တင်း ၁၀၀ကို ၄၄,၀၀၀ ကျပ်ဈေး မြင့်တက်လာသည်။ 

      အခြားဒေသများဖြစ်သည့် ဖျာပုံ၊ ဒေးဒရဲတို့မှာလည်း ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို အနိမ့်ဆုံး ၁,၈၀၀,၀၀၀ သိန်း ကနေ ၁,၈၅၀,၀၀၀သောင်းထိပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ကြားဈေးမြင့် တက်လာသည်။ ဧည့်မထ(မိုး)စပါး နှင့် နွေစပါးတို့ကလည်း တင်း ၁၀၀ ကို ၁,၆၃၀,၀၀၀ ကျော်ကနေ ၁,၇၀၀,၀၀၀ ထိရှိနေပြီး တင်း ၁၀၀ ကို ငွေကျပ် ၃၀,၀၀၀ ကျော်အထိဈေးမြင့်တက်လာသည်။ 

      ဖော်ပြပါ ပေါက်ဈေးနှုန်းများသည် Ayeyae trade Centre  မှ ထုတ်ပြန်သည့် ပေါက်ဈေးနှုန်းများ ဖြစ်ပြီး ပြင်ပ ကုန်သည်များ အကြား ပေါက်ဈေးနှုန်းသည် ယခုထက်များပြားနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ပဲခူးအတိုင်း ထွက်ရှိသည့် အင်းလယ်စပါးတင်း ၁၀၀ ကို အမြင့်ဆုံး  ၁,၈၀၀,၀၀၀ သိန်းထိ ပေါက်ဈေး ရှိနေသည်ဟု သိရသည်။ ပြည်တွင်း စပါးဈေးနှုန်းများ မြင့်တက်နေပေမယ့် ပြည်ပ တင်ပို့တဲ့ ဆန် နဲ့ဆန်ကွဲကတော့ ပြီးခဲ့တဲ့ မေလ အတွင်း တန်ချိန် ၁သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းက ထုတ်ပြန်ခဲ့သည်။ 

Source: Awba

Category: Local News