Local News

မောင်တောကုန်သွယ်ရေးစခန်း၏ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှု အခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၃၀ ) ရက်နေ့မှ စက်တင်ဘာလ ( ၃ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၂၉၆) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၈၄) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၀.၂၄၈) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဩဂုတ်လ ( ၃၀ ) ရက်နေ့မှ စက်တင်ဘာလ ( ၃ ) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၀၇.၁၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၂၂)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၀.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၅)သန်း၊ ဂျင်းခရု (အရှင်) (၂၀.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၆)သန်း၊ ဂုံး (အရှင်) (၅.၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၃)သန်း၊ ဂဏန်း (အသေ) (၁.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၈)သန်း၊ ရေခူဆားနယ်  (၂၀.၇) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၉၁)သန်း၊ ကျောက်ပုဇွန် (အရှင်) (၁.၂၃)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၂၄၆) သန်း၊ ငှက်ပျောသီး (၃၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၄)သန်း၊ ငရုတ်သီးစိမ်း (၀.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်း များမှာ သစ်သီး (၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ကြွေပြား (၃၂၀၀ M2) (၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇၂)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်း မှာ - ငါးမျိုးစုံ (၉၅၃.၆၃) ဒေါ်လာနှုန်း၊ (၁၀၇.၁၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၂၂)၊ ရွှံ့ဂဏန်း (အရှင်) (၃၇၅၀) ဒေါ်လာနှုန်း၊ (၀.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၅) သန်း၊ ဂျင်းခရု (အရှင်) (၁၇၆၄.၇) ဒေါ်လာနှုန်း၊ (၂၀.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၆) သန်း၊ ဂုံး (အရှင်) (၂၅၀၉.၄၃) ဒေါ်လာနှုန်း၊ (၅.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၃) သန်း၊ ဂဏန်း (အသေ) (၁၂၀၀) ဒေါ်လာနှုန်း၊ (၁.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၈) သန်း၊ ရေခူဆားနယ် (၁၈၈၈.၈၉) ဒေါ်လာနှုန်း၊ (၂၀.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉၁) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၁.၂၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄၆) သန်း၊ ငှက်ပျောသီး (၂၉၇.၁၄) ဒေါ်လာနှုန်း၊ (၃၅) တန်၊ ကန်ဒေါ်လာ (၀.၀၁၀၄) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၇၇၇.၇၈) ဒေါ်လာနှုန်း၊(၀.၉) တန်၊ ကန်ဒေါ်လာ (၀.၀၀၀၇) ဒေါ်လာသန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့်သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၃၀၀) ဒေါ်လာနှုန်း၊ (၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ ကြွေပြား (၃၃၀၀) ဒေါ်လာနှုန်း၊ (၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၆) သန်း၊ (၃.၃၁) ဒေါ်လာနှုန်း၊ (၃၂၀၀ M2) တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၆) သန်းဖြစ်ပါသည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း၏ ကျပ်၊ ဘတ် ငွေလဲနှုန်း

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁-၉-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ဘတ် (၉၅၂.၃၈) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၅) ကျပ်ခန့် ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်သိရှိ ရသည်။

Source: https://commerce.gov.mm

Category: Local News