Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့ အထိကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန် အမေရိကန်ဒေါ်လာ (၀.၀၉၁)သန်းနှင့် သွင်းကုန်အမေရိကန် ဒေါ်လာ (၀.၀၃၀) သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၂၁)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၂၇၅)တန်၊ တန်ဖိုး (၀.၀၂၇၅) ဒေါ်လာသန်း၊  ဇီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၁၇၉)တန်၊ တန်ဖိုး (၀.၀၂၀၆) ဒေါ်လာသန်း၊ ဂျင်းအစို (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၄၅၀)နှုန်းဖြင့် (၆၅)တန်၊ တန်ဖိုး (၀.၀၂၉၂) ဒေါ်လာသန်း၊ အုန်းသီးခြောက်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၉)တန်၊ တန်ဖိုး (၀.၀၀၂၇) ဒေါ်လာသန်းနှင့် ဇီးယိုထုပ် (၁)တန် လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၄၄)တန်၊ တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပါသည်။ တင်သွင်းခဲ့သည့်ပစ္စည်းအနေဖြင့် Writing A 4 Paper (60 to 80 GSM) (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၅၀၀) နှုန်းဖြင့် (၂၀)တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၈.၂၀)တာကာနှင့် (၁)တာကာလျှင် (၃၀.၂၀) ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁) ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀) ကျပ်ခန့်ရှိ ကြောင်း သိရှိရပါသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီလမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာသွားလာနိုင်ကြောင်းသိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများ သွားလာလျက်ရှိ ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အတွင်းကုန်စည်ပေါက်ဈေး

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်နေ့မှစက်တင်ဘာလ(၁)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက်ဈေးမှာ (၁) အောင်စလျှင် (၂၁၃၄၃၈.၀၀) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန်(အဖြူ) (၁) ကီလို (၇၅.၀၀)တာကာ၊ ကြက်သွန်နီ (၁) ကီလို (၇၅.၀၀) တာကာ၊အာလူး (၁) ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁) ကီလို (၁၅၀.၀၀) တာကာ၊ကြက်သား (၁) ကီလို(၂၉၀.၀၀) တာကာ၊ ကြက်ဥ (၁) ဒါဇင် (၁၅၅.၀၀) တာကာဈေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၃၀.၂၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိကထား ထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News