Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၂၆) ရက်နေ့မှ စက်တင်ဘာလ (၁ ) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလအောက် (၃.၂၁၁) ဒေါ်လာသန်း လျော့နည်းခဲ့

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့ မှ စက်တင်ဘာလ(၁) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၇.၁၆၄)ဒေါ်လာသန်းနှင့် သွင်းကုန် (၂၂.၂၀၇) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၉.၃၇၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေးအနေဖြင့် ပို့ကုန် (၄၈၃) စီး၊ သွင်းကုန် (၁၆၅၃) စီး ဆောင်ရွက်နိုင်ခဲ့ပါသည်။

ယခင်အပတ် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့ မှ (၂၅) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၅၂၃) ဒေါ်လာသန်းနှင့် သွင်းကုန် (၂၄.၀၅၉) ဒေါ်လာသန်း ကုန်သွယ်မှု ပမာဏအနေဖြင့် (၃၂.၅၈၂) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပက ပို့ကုန်တန်ဖိုး (၁.၃၅၉) ဒေါ်လာသန်း ၊သွင်းကုန်တန်ဖိုး (၁.၈၅၂) ဒေါ်လာသန်း လျော့နည်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၃.၂၁၁) ဒေါ်လာသန်း ​လျော့နည်းခဲ့ပါသည်။

တင်ပို့သည့် ပို့ကုန်အမည်များအနက် ပြောင်း၊ ထောပတ်ပဲ၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ပဲလွန်းဖြူ၊ ပဲယင်း၊ ဘိုကိတ်ပဲ၊ ပဲနီကြား၊ ပဲကြီး၊ ရော်ဘာကြမ်း၊ ရော်ဘာ၊ CMP တင်ပို့မှုလျော့နည်းခဲ့ခြင်းကြောင့် ယခင်တစ်ပတ်အောက်(၁.၃၅၉) ဒေါ်လာသန်း လျော့နည်းခဲ့ခြင်း ဖြစ်ပါသည်။

တင်သွင်းသည့် သွင်းကုန်အမည်များအနက် ရင်းနှီးမြှပ်နှံမှုပစ္စည်းများအုပ်စုမှ လယ်ထွန်စက်အပိုပစ္စည်းများ၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းများ၊ လေအေးပေးစက်များ၊ စက်အပို ပစ္စည်းများ၊ ဝါယာကြိုးများ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော်လည်း အင်ဂျင်များနှင့်၊ လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေးတပ်ဆင်ရေးပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်းများ၊ သံနှင့်သံမဏိပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ ပိုမိုတင်သွင်းခဲ့သဖြင့်  ယခင်တစ်ပတ်ထက် (၀.၅၀၆) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓါတ်ဆေးဆိုးဆေးများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ချည်ခင်များ ပိုမိုတင်သွင်းခဲ့သော်လည်း ဓာတ်မြေသြဇာများ တာယာနှင့် ကျွတ်များ၊ ဓါတုဗေဒပစ္စည်းများ၊ သားရေတုပြုလုပ်သောပစ္စည်းများ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်အောက်(၁.၉၄၅) ဒေါ်လာသန်း လျော့နည်း ခဲ့ပါသည်။

လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဘတ်ထရီခြောက်၊ လျှပ်စစ်မီးသီးနှင့်မီးချောင်းများ၊ အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း အချိုမှုန့်၊ ချည်ထည်များ၊  ဆေးဝါးများ၊  မိဖိုချောင်သုံးပစ္စည်းများ၊ ဇာနှင့်ဇာနှင့်ထိုးထားသောအထည်အလိပ်များ၊ အပ်ချည်ကြိုးများ ပရိဘောဂများ လျော့နည်းတင်သွင်းခဲ့သဖြင့်  ယခင်တစ်ပတ်အောက် (၀.၄၂၃) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

ယခုတစ်ပတ်တွင် အများဆုံးပို့ကုန် (၁၀)မျိုးမှာ ရော်ဘာ  (၂၅၇၈.၃၄၀)တန်၊ (၃.၀၆၄) ဒေါ်လာသန်း၊ ပဲတီစိမ်း (၁၃၄၂.၀၀၀)တန်၊ ( ၀.၉၈၃ )၊ ပဲယင်း ( ၈၉၇.၇၅၀ )တန်၊ ( ၀.၆၈၂ ) ဒေါ်လာသန်း၊ စွန်တာနီပဲ (၇၄၈.၀၀၀)တန်၊ (၀.၄၅၁ ) ဒေါ်လာသန်း၊ နှမ်းနက် (၂၃၆.၀၀၀) တန်၊ (၀.၃၉၈) ဒေါ်လာသန်း၊ မြေထောက်ပဲ  (၁၇၀.၀၀၀) တန်၊ (၀.၂၅၉)ဒေါ်လာသန်း၊ မြေပဲဆံ (၁၃၅.၀၀၀) တန်၊ (၀.၂၂၄) ဒေါ်လာသန်း၊ ဝဥခြောက် (၁၁၂.၀၀၀) တန်၊ (၀.၁၈၈)ဒေါ်လာသန်း၊ ပြောင်း (၄၇၉.၂၅၀) တန်၊ (၀.၁၃၇)ဒေါ်လာသန်း ဖြစ်ပါသည်။

ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း (၉.၁၄၁) ဒေါ်လာသန်း၊ ချည်ထည်များ (၃.၇၀၅)ဒေါ်လာသန်း၊ အထည် အလိပ်များ (၁.၂၃၅) ဒေါ်လာ သန်း၊ ဓာတ်မြေသြဇာများ (၁.၁၂၉)ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၁.၁၀၂) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၁.၀၉၄) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း (၁.၀၂၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ (၀.၉၅၆) ဒေါ်လာ သန်း၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၄၁၁) ဒေါ်လာသန်း၊ တွင်းထွက်ဆောက်လုပ်ရေးပစ္စည်းများ  (၀.၃၈၂) ဒေါ်လာသန်း ဖြစ်ပါသည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတတ်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင် (၇၉)ကျပ်ရှိကြောင်းသိရှိရသည်။ အဆင်း ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန် ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်းနှုန်း၊ ဆန်ကွဲ (၃၁၀၀) ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း၊ မြေထောက်ပဲ(၈၀၀၀) ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း၊ နှမ်း (၁၂၀၀၀) ယွမ်းနှုန်း၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်း ရှိကြောင်းသိရှိရသည်။ မန္တလေး၊လားရှိုး၊ သန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်မျာ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News