Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၃၀-၈-၂၀၂၃) မှ (၃-၉-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ရော်ဘာ (၁၆၅.၀၀) တန်၊ တန်ဖိုး (၀.၂၁၂) ဒေါ်လာသန်း၊ ပဲတီစိမ်း (၂၂.၀၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်တင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ရော်ဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂) ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ဆေးဝါးပစ္စည်း (၁၄၇၈၉၀) U၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ ဘက်ထရီ (၃၅၈) U ၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ ကော်စေ့ (၁၁.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပီနံအိတ် (၅၉.၅၀) တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ ချည် (၉၉.၆၀) တန်၊ တန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း၊ တစ်သျှူး (၁၀.၈၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ မြက်ခင်းတု (၇.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၈.၈၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ သံချောင်း/သံပြား (၂၉၀.၀၀) တန်၊ တန်ဖိုး (၀.၂၀၀) ဒေါ်လာသန်း၊ ဆိုင်ကယ်အပိုပစ္စည်း (၆.၈၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကုန်စုံ (၃၃၈.၂၂) တန်၊ (၇၂၇၃) U ၊ (၁၃၀၀) PR ၊ တန်ဖိုး (၀.၂၂၀) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀) ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၈၀၀၀၀၀) ကျပ်၊ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက်  (ကျောက်စခန်း)  -  စိန်လုံ  - လွယ်ဂျယ်  လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၂၉-၈-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၉၅) ကျပ်ဖြစ်ခဲ့ပြီး ၃-၉-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၉၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေးတည်ငြိမ် ခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News