Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (3-9-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (3-9-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (1.243) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (2.102) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (3.345) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေထောက်ပဲ (၂၀၂.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၉၈) သန်း၊ ကြက်သွန်နီ (၃၂၂.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၇၀) သန်း၊ ငါးရှဉ့် (၄၅.၄၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၆) သန်း၊ ကြေးနီ(၃၄.၅၀၀) တန်၊ တန်ဖို ကန် ဒေါ်လာ (၀.၀၉၈) သန်း၊ ကဏန်း (၂၄.၀၇၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၉၂) သန်း၊ သကာရည် (၂၆၆.၀၀၀) တန်၊ တန်ဖိုး(၀.၀၈၇)ဒေါ်လာသန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၈၃.၂၀၀) တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၀၇၉) သန်း၊ သီဟိုဠ်စေ့ (၁၅.၈၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၇၆) သန်း၊ ဆန် (၁၀၀.၅၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၅) သန်းနှင့် ဇီးဆံ (၁၇.၅၀၀) တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၄၁၇)သန်း၊ တီဗွီ တန်ဖိုးကန်ဒေါ်လာ(၀.၂၆၂) သန်း၊ ဖလင်ပြား တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၄) သန်း၊ တာယာကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၆) သန်း၊ အလူမီနီယံတံခါးဘောင် တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၁) သန်း၊ သံချောင်း တန်ဖိုးကန်ဒေါ်လာ (၀.၀၆၅) သန်း၊ သံပိုက်တန်ဖိုးကန် ဒေါ်လာ (၀.၀၃၄) သန်း၊ လေအေးပေးစက် တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၃)သန်း၊ ပန်းသီး တန်ဖိုးကန် ဒေါ်လာ (၀.၀၂၉) သန်းနှင့် ကာဗွန်မှုန့် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉) သန်းတို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့မှ (3) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၃.၂၃၃) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (10.096) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (13.329) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၈၈.၀၈) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်း ဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။

(၃-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား မြေထောက်ပဲ (၁) တန်လျှင် ကန်ဒေါ်လာ (၁၄၇၀.၇၁၇ ) နှုန်း ၊ ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၅၂၇.၁၃၆ ) နှုန်း၊ ငါးရှဉ့် (၁)တန်လျှင် ကန်ဒေါ်လာ(၃၀၀၀.၀၁၀) နှုန်း၊ ကြေးနီ(၁) တန်လျှင် ကန်ဒေါ်လာ (၂၈၂၈.၆၇၁) နှုန်း၊ ကဏန်း(၁)တန်လျှင် ကန်ဒေါ်လာ (၃၈၀၀.၀၅၀) နှုန်း၊ သကာရည်(၁)တန်လျှင် ကန်ဒေါ်လာ (၃၂၆.၈၀၅) နှုန်း၊ မိကျောင်းကွမ်းဖတ်စေ့(၁)တန်လျှင် ကန်ဒေါ်လာ(၉၅၃.၄၀၈) နှုန်း၊ သီဟိုဠ်စေ့ (၁) တန်လျှင် ကန် ဒေါ်လာ (၄၈၃၄.၉၄၃) နှုန်း၊ ဆန်(၁) တန်လျှင် ကန်ဒေါ်လာ(၄၄၅.၈၃၈)နှုန်း ၊ ဇီးဆံ(၁) တန်လျှင် ကန်ဒေါ်လာ (၂၃၉၉.၈၄၄) နှုန်း တင်ပို့နိုင်ခဲ့ပါသည်။

(၂၈-၈-၂၀၂၃) ရက်နေ့ မှ (၃-၉-၂၀၂၃) ရက်နေ့အတွင်းအများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၂၂၄၉.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၁၈၆)သန်း၊ ငါးရှဉ့် (၃၆၀.၂၄၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၀၈၂) သန်း၊ မြေထောက်ပဲ (၅၄၀.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၇၉၅) သန်း၊ ကဏန်း(၁၉၂.၃၇၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၇၃၂) သန်း၊ ကြေးနီ (၁၇၅.၅၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၉၇) သန်း ၊  ဝါဂွမ်း (၂၈၁.၂၆၆) တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၄၉၁) သန်း၊ သကာရည်(၁၁၃၁.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၃၇၆) သန်း၊ လျှော်ဖြူ (၁၈၇.၇၁၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၄၂) သန်း၊ ပြောင်း (၁၀၀၅.၀၈၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၂၉၀) သန်းနှင့် ဆန် (၆၀၉.၂၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၇၂) သန်းတို့ဖြစ်ပါသည်။

(၂၈-၈-၂၀၂၃) ရက်နေ့မှ (၃-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၄.၃၅၃) သန်း၊ သံချောင်းလုံး တန်ဖိုး ကန်ဒေါ်လာ (၀.၈၀၄) သန်း၊ ဆိုလာပစ္စည်းများ တန်ဖိုး ကန်ဒေါ်လာ (၀.၄၈၃) သန်း၊ စတီးပိုက် တန်ဖိုး ကန်ဒေါ်လာ (၀.၄၈၂) သန်း၊ ကားတာယာနှင့်ကျွတ်များ တန်ဖိုး ကန်ဒေါ်လာ (၀.၃၅၀) သန်း၊ မိုဘိုင်းဖုန်း တန်ဖိုးကန်ဒေါ်လာ (၀.၃၂၉) သန်း၊ လျှပ်စစ်မော်တော်ဆိုင်ကယ် တန်ဖိုးကန်ဒေါ်လာ (၀.၂၈၉) သန်း၊  အလူမီနီယံကြိုးခွေ တန်ဖိုးကန်ဒေါ်လာ (၀.၂၇၂) သန်း ၊ တီဗွီ တန်ဖိုးကန်ဒေါ်လာ (၀.၂၆၂) သန်း နှင့် ဘတ်ထရီများ တန်ဖိုး ကန်ဒေါ်လာ (၀.၂၂၁) သန်းတို့ဖြစ်ပါသည်။

(၂၈-၈-၂၀၂၃) ရက်နေ့ မှ (၃-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများအား ကြက်သွန်နီ(၁) တန်လျှင် ကန်ဒေါ်လာ (၅၂၇.၃၇၄) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၃.၆၁၆) နှုန်း၊ မြေထောက်ပဲ (၁)တန်လျှင် ကန်ဒေါ်လာ (၁၄၇၂.၄၇၂) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၀၂.၇၂၀) နှုန်း၊ ကြေးနီ(၁) တန်လျှင် ကန်ဒေါ်လာ (၂၈၃၃.၀၁၀) နှုန်း၊ ဝါဂွမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၁၇၄၆.၉၆၂) နှုန်း၊ သကာရည် (၁)တန်လျှင် ကန်ဒေါ်လာ (၃၃၂.၃၀၉) နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် ကန်ဒေါ်လာ (၁၈၂၀.၁၀၂) နှုန်း၊ ပြောင်း (၁) တန်လျှင် ကန်ဒေါ်လာ (၂၈၈.၇၁၂) နှုန်း၊ ဆန် (၁) တန်လျှင် ကန်ဒေါ်လာ (၄၄၆.၅၄၉) နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။ လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက် ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News