Local News

ယခုနှစ်ကြံရာသီ ဈေးကောင်းပိုရရန် မျှော်လင့်ထား

Last Updated:

မြန်မာနိုင်ငံက ကြံစိုက်ပျိုးမှုအများဆုံးဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)က ကြံစိုက် တောင်သူတွေအနေနဲ့ အခုနှစ်ကြံရိတ် သိမ်းရာသီမှာ ဈေးကောင်းပိုရဖို့ မျှော်လင့်နေကြတယ်လို့ ရေတာရှည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။ ပြီးခဲ့တဲ့ကြံစိုက်ရာသီကတော့ ကြံတစ်တန်ကို အနည်းဆုံး ၆ သောင်း ၈ ထောင်ကနေ အများဆုံး ၇ သောင်းကျော်အထိ ရရှိခဲ့ တယ်လို့ ရေတာရှည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဦးဇင်မျိုးဝင်းက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကစပြီး ကြံဈေးကောင်းရရှိခဲ့တာကြောင့် ရေတာရှည်မြို့နယ်မှာတော့ ကြံစိုက်တောင်သူတွေပိုမို များပြားလာပြီး ၃၀ ရာခိုင်နှုန်းလောက် တိုးလာခဲ့တယ်လို့ဆိုပါတယ်။ ကြံစိုက်ပျိုးမှု ကုန်ကျစရိတ်အနေနဲ့ သွင်းအားစုအပါအဝင် မြေပြင်စရိတ်၊ မျိုးစရိတ် စုစုပေါင်း ကျပ် ၁၂ သိန်းလောက်ရှိတယ်လို့ တောင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒါ့အပြင်တစ်ဧက တန်ချိန် ၃၅ နဲ့အထက်ထွက်ရှိတဲ့အခါ ကျပ်သိန်း ၃၀ ဝန်းကျင်အထိ ရရှိပြီး အချို့အထွက်နှုန်း နည်းတဲ့မြေဖြစ်ခဲ့ရင်လည်း အမြတ်ရရှိမှုနည်းတာကလွဲလို့ အရှုံးမရှိဘူးလို့လည်းဆိုပါတယ်။

Source: https://t.me/htwettoe

Category: Local News