Local News

ရေစကြိုမြို့နယ်အတွင်းမိုးစိုက် (ခေါ်) ဥစိုက်ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းရှိ ကုန်းတလင်း၊ ဇီးကုန်း၊ ဇီးကုန်းကျွန်း၊ သူဌေးကုန်းနှင့် ကန်ဒေါင့်ကျေးရွာများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မိုးစိုက် (ခေါ်) ဥစိုက်ကြက်သွန်နီများ အများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မျိုးဥများအနေဖြင့် ဒေသခေါ် (ကျမ်းကျွံ) ဥသေးများနှင့် (ဇော်မွှား) မျိုးဥများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မျိုးဥ(၃၀၀ မှ ၃၅၀) ပိဿာခန့်စိုက်ပျိုးရပြီး မျိုးဥအရွယ်အစားအကြီး၊ အသေးပေါ်မူတည်၍ တစ်ဧကစိုက်ပျိုးရာတွင် သုံးစွဲရသည့် ပိဿာများ ကွာခြားမှုရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ် (၂,၅၀၀,၀၀၀) ခန့် ကုန်ကျကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး ခန့်မှန်းအထွက်နှုန်းအတိုင်း ထွက်ရှိမည်ဆိုပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ကုန်းတလင်းကျေးရွာမှ ကြက်သွန်စိုက်ပျိုးတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

Source: https://commerce.gov.mm

Category: Local News