Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်မြိုသို့ စက်တင်ဘာလအတွင်း ငါးတန် ပိဿာချိန် ၉၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ စက်တင်ဘာလအတွင်း ငါးတန်ပိဿာချိန် ၉၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခက်ခက်ဝင်းက ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်မှ ငါးတန်များကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ ဩဂုတ်လအတွင်းက ငါးတန်ပိဿာချိန် ၅၉၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ ပိဿာချိန် ၉၉၀၀၀ ထိတင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“စက်တင်ဘာလအတွင်း ငါးတန် ပိဿာချိန် တစ်သိန်းလောက်ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ စက်တင်ဘာလအတွင်းမှာ ဩဂုတ်လကနဲ့စာရင် ငါးတန်ပိဿာချိန် ၄၀၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ဖျာပုံမြို့နယ်ကထွက်တဲ့ ရေထွက်ကုန်မှန်သမျှကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်ဘက်က စက်တင်ဘာလအတွင်းကော၊ အခုလက်ရှိကော ရေထွက်ကုန်တွေအရောင်းအဝယ်ကောင်းနေပါတယ်။ ငါးတန်က ပြည်တွင်းဈေးကွက်မှာကို အ‌ရောင်းအဝယ်သွက်နေပါတယ်။ တင်ပို့အားကောင်းလာတော့ ငါးတန်လုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေလာပါတယ်”ဟု ဖျာပုံမြို့နဗယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခက်ခက်ဝင်းက ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချခဲ့သည့် ငါးတန်ပိဿာချိန် ၁၀ လျှင် ငွေကျပ် ၈၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ငါးတန်များကို ရန်ကုန်မြို့သို့ ပိုမိုတင်ပို့ရောင်းချနေရခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ ငါးရောင်းဝယ်ရေးကုန်သည်များ၊ ငါးကန်လုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News