မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၂,၆၃၅,၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၂,၉၃၀,၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၂,၅၉၅,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၁၁၄,၀၀၀ နှင့် မတ်ပဲ SQ/RC (2024 Crop)ကျပ် ၁၃၉,၀၀၀ ဈေးမြင့်တက်ခဲ့ပြီး ပဲစင်းငုံ Red/RC (2024 Crop ) ကျပ် ၄၀,၀၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၈၅ လုံး (တန်ချိန် ၂၀၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC(2024 Crop) ကွန်တိန်နာ ၇၅ လုံး (တန်ချိန် ၁၈၀၀) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၈၅၀၀၊ မြားနီ ကျပ် ၉၅၀၀ ၊ပျော်ဘွယ်မိုးထောင် ကျပ် ၁၄၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၃၂၀၀၀ နှင့် မြစ်ဝပု ကျပ် ၃၀,၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီး များဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၂၅၀ (၂၅,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၁၀၅၀ (၂၁,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၂၀၀ (၄,၀၀၀ ပိဿာ) လျော့နည်းဝင် ရောက်ခဲ့ကြောင်းသိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၅၅၀၀ နှင့် မန်ကျည်းအသား (သစ်) ကျပ် ၉၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း မန်ကျည်းဈေးများငြိမ်လျက်ရှိသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၆၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၀၀၀၊ ပခုက္ကူ ကြမ်း ကျပ် ၆၄၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၇၅၀၀၊ ကြံသကာ ကျပ် ၄၈၀၀ နှင့် သကြား (ပြည်တွင်း) ကျပ် ၄၁၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်အမျိုး အစားများမှာ ဈေးငြိမ်လျက် ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး