Local News

ပခုက္ကူကုန်စည်ဒိုင်၌ ပဲမျိုးစုံ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိ

Last Updated:

          မကွေးတိုင်းဒေသကြီး ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယဉ်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ် ဇူလိုင်လ(ပထမပတ်)တွင် ပဲဈေးနှုန်းများမှာ ပဲစင်းငုံတစ်တင်းလျှင် ငွေကျပ် ၉၈၀၀၀-၉၈၈၀၀-၁၀၀၁၀၀၊ ကုလားပဲ (ဝါလုံးကြီး)(929) တစ်တင်းလျှင် ငွေကျပ် ၈၂၅၀၀၊ ကုလားပဲ(ဖြူလုံး) (v2/v6)တစ်တင်းလျှင် ငွေကျပ် ၈၃၆၀၀-၈၄၃၀၀၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးအပေါ်မူတည်ပြီး တစ်တင်းလျှင် ငွေကျပ် ၄၇၀၀၀-၅၄၀၀၀၊ ပဲဇီးကွက် တစ်တင်းလျှင် ငွေကျပ် (၄၆၅၀၀-၄၆၈၀၀)၊ ပြောင်းဖူးစေ့(CP) တစ်တင်း လျှင် ငွေကျပ် ၁၉၂၀၀၊ ပဲယဉ်းနီ တစ်တင်းလျှင် ငွေကျပ် ၇၄၃၀၀၊ မတ်ပဲတစ်တင်းလျှင် ငွေကျပ် ၅၀၀၀၀-၅၉၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် ၁၁၅၀၀၀၊ မန်ကျည်းတောင့် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ ဖြင့် ကုန်စည်ဒိုင်တွင် ဥပုသ်နေ့မှလွဲ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

          ယခုတစ်ပတ် အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲစင်းငုံနီအိတ် ၁၅၀၀၊ ကုလားပဲ (ဝါးလုံးကြီး)(929) အိတ် ၃၀၀၊ ကုလားပဲဖြူလုံး (v2/v6) အိတ် ၁၅၀၀၊ ပဲတီစိမ်းကြီး အိတ် ၂၅၀၀၊ ပဲဇီးကွက် အိတ် ၂၅၀၊ ပဲယဉ်းနီ အိတ် ၁၀၀၊ ပြောင်းဖူးစေ့ (CP) အိတ် ၂၀၀၊ မန်ကျည်း တောင့် ကုန်ချိန်ပိဿာချိန် ၁၅၀၀၀ ကျော် အရောင်းအဝယ်ဖြစ်နေပြီး မြန်မာပြည်အောက်ပိုင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News