Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃  ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၆.၄၈၈) အမေရိကန်ဒေါ်လာသန်းနှင့် သွင်းကုန်(၂၆.၉၅၂)အမေရိကန်ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၃.၄၄၀) အမေရိကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၂၃၉၀.၈၀၀) တန်၊ ချုပ်ပြီးအထည် (၉၅၁၃၄) ထည်၊ ငရုတ်သီး(ခြောက်) (၁၄၅.၄၁၀)တန်၊ ငရုတ်သီး(စိမ်း)(အစို) (၃၇၈.၂၂၁)တန်၊ ကွမ်းသီး (၄၀၅.၀၄၀)တန်၊ နှမ်းဖြူ (၁၄.၉၆၀) တန်၊ နှမ်းညို (၆၀) တန်၊ ဂေါ်ဖီထုပ် (၅၄၂.၅၀၀) တန်၊ ပြောင်း (၁၂၄၈.၂၆၀) တန်နှင့် သတ္တုနှင့် သတ္တုရိုင်း (၂၃၀) တန်တို့ဖြစ်သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ လေအေးစက်များ၊ စက်နှင့် စက်ပစ္စည်းများ၊ ဆပ်ပြာ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ဘတ္တရီအခြောက်များ၊ ပုံနှိပ်စက္ကူများ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများနှင့် အခြားစက္ကူတို့ ဖြစ်ပါသည်။

ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများကို တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအားမြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း နှင့်  ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ ငွေစျေးနှုန်းအနေဖြင့် ယခုအပတ်တွင် တစ်ဘတ်လျှင် (၉၈.၀၃) ကျပ် ဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News