Local News

ဘားအံမြို့တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်

Last Updated:

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိဈေးများတွင် နေ့စဉ်ကုန်ဈေးနှုန်းဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအား စာရင်းကောက်ယူလျက်ရှိရာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်တွင် ကြက်သွန်နီကြီးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့ပေါ်ရှိဈေးများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီဈေးနှုန်းများမှာ  အောက်တိုဘာလ ပထမပတ်တွင် ကြက်သွန်နီသေး တစ်ပိဿာလျှင် (၃၂၀၀) ကျပ်၊ကြက်သွန်နီလတ် တစ်ပိဿာလျှင် (၃၃၀၀) ကျပ်၊ကြက်သွန်နီကြီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခုအောက်တိုဘာလ ဒုတိယပတ်တွင် ကြက်သွန်နီသေး တစ်ပိဿာလျှင် (၃၂၀၀) ကျပ်၊ ကြက်သွန်နီလတ် တစ်ပိဿာလျှင် (၃၃၀၀) ကျပ်၊ ကြက်သွန်နီကြီး တစ်ပိဿာလျှင် (၃၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသောကြောင့် ကြက်သွန်နီ(အသေးနှင့်အလတ်)မှာ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း ကြက်သွန်နီကြီးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။

Source: https://www.doca.gov.mm

Category: Local News