Local News

မကွေးကုန်စည်ဒိုင်၏ နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို မကွေးမြို့နယ်အတွင်းရှိကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့များအပြင် မင်းဘူးမြို့နယ်ရှိကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္တပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းများမှာ နှမ်းဖြူ(၁)ပိဿာလျှင် ကျပ်(၈၃၃၀)ဖြစ်ပြီး အောက်တိုဘာလ(ပထမပတ်)တွင် ကျပ် (၇၉၃၀) ဖြစ်၍ ကျပ်(၄၀၀)ဈေးလျော့ခဲ့ပြီး (၁)ရက်လျှင်(၄၅)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၈၀၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။ နှမ်းနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၇၃၃၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၂၀၀) ဖြစ်၍ ကျပ်(၁၃၀)ဈေးလျော့ခဲ့ပြီး (၁)ရက်လျှင်(၄၅)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၂၀၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

နှမ်းနက်(စမုံ)(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၆၇၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၆၇၀)၊ နှမ်းနက်(ရိုးရိုး)(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၁၃၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၁၃၀)၊ နှမ်းညိုကြား(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၆၇၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၆၇၀)ဖြစ်၍ ဈေးနှုန်းတည်ငြိမ်နေပြီး (၁)ရက်လျှင်(၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ)အိတ်ရေ(၄၀၀)အိတ်ခန့်၊ နှမ်းနက်(ရိုးရိုး)အိတ်ရေ(၁၆၀)အိတ်ခန့်၊ နှမ်းညိုကြား အိတ်ရေ(၁၀၀)အိတ်ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။ တင်ပို့မှုအနေဖြင့် မကွေးတိုင်းဒေသကြီးမှ မန္တလေးမြို့သို့ နှမ်း(၆၀၀၀)အိတ်နှင့် ရန်ကုန်မြို့သို့ နှမ်း(၄၉၀) အိတ်၊ စုစုပေါင်းနှမ်း(၆၄၉၀)အိတ် တင်ပို့ခဲ့ကြောင်း သိရသည်။

Source: https://www.doca.gov.mm

Category: Local News