International News

အင်ဒိုနီးရှား စားအုန်းဆီကြမ်း futures exchange မူဝါဒ ပြောင်းလဲဖြေလျော့

Last Updated:

အင်ဒိုနီးရှားသည် ၎င်း၏ စားအုန်းဆီကြမ်း crude palm oil (CPO) ကြိုပွိုင့် ရောင်းဝယ်ရန် futures exchange ကို အောက်တိုဘာလ ၁၃ ရက်တွင်  စတင်ရာ၌  ၎င်းအိတ်ချိန်းမှတဆင့်သာ  မဖြစ်မနေ ကုန်သွယ်မှုပြုရမည်ဟု ယခင်က ပြောကြားခဲ့သော်လည်း ယခုအခါ မူဝါဒပြောင်းလဲလိုက်ပြီး ဖြေလျော့ပေးသဖြင့် စားအုန်းဆီကြမ်းကို ပြည်ပဝယ်လက်များနှင့် ယခင်အတိုင်း ရောင်းဝယ်နိုင်သည်။

ကမ္ဘာ့စားအုန်းဆီဈေးကို တွန်းအားပေးရန်နှင့် ကွာလာလမ်ပူနှင့် ရော့တာဒမ်မြို့တို့ကဲ့သို့ စံနှုန်းများကို ဖန်တီးရန်အတွက် ယခင်က စားအုန်းဆီကြမ်းတင်ပို့မှုအားလုံးကို ကြိုပွိုင့်အိတ်ချိန်းမှသာ  မဖြစ်မနေပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

Source brecorder

https://www.foodindustrydirectory.com.mm

Category: International News