ဇွန်လဒုတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၀၀၀၀) ကျော် ဝင်ရောက် လျက် ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်း သိရသည်။
ယခုပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား(ကြီး) (၂၂၀၀-၂၀၀၀)ကျပ်၊ (လတ်) (၁၉၀၀-၁၈၀၀) ကျပ်၊ (သေး) (၁၆၀၀-၁၄၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ် မှုတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၅၀၀-၂၄၀၀)ကျပ်၊ (လတ်) (၂၃၀၀-၂၀၀၀)ကျပ်၊ (သေး) (၁၈၀၀-၁၆၀၀)ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ(ဗမာ)(၈၀၀၀-၉၀၀၀)ကျပ်၊ (ရှမ်းစ) (၆၅၀၀-၇၅၀၀)ကျပ်၊ ကြူကုတ် (၆၀၀၀-၇၀၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၉၀၀၀-၁၀၀၀၀)ကျပ်၊ (ရှမ်းစ) (၇၅၀၀-၈၀၀၀)ကျပ်၊ ကြူကုတ် (၇၀၀၀-၈၀၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ဇေယျာကုန်သွယ်မှုဗဟိုဌာန